Zawgyi
ကြၽန္ေတာ္လည္းလူငယ္တစ္ေယာက္ပါ။ အခ်စ္ အလြမ္း feel အေဆြး RO အဲ့သလို ကဗ်ာေတြ ၀တၳဳေတြကိုပဲ အသည္းအသန္အားေပးေနၾကတဲ့ လူငယ္ေတြၾကားမွာ ကြၽန္ေတာ္ဟာ ႏိုင္ငံေရးနဲ႔သက္ဆိုင္တဲ့ ကဗ်ာေတြ ၀တၳဳေတြကိုပဲေရးခဲ့ပါတယ္။ ႏိုင္ငံေရးထဲမွာ သမဂၢႏိုင္ငံေရးကို အေရးမ်ားပါတယ္။ အခ်စ္ေတြ အလြမ္းေတြ မေရးတဲ့ကြၽန္ေတာ္ဟာ နာမည္ကြၽတ္ႀကဲ လူႀကိဳက္နည္းလွပါတယ္။ ႏိုင္ငံေရးစာေပဆိုလို႔ သားသခင္တို႔ ပန္ဆယ္လိုတို႔လိုမ်ိဳးေတြ ေရးတယ္မထင္ပါနဲ႔။ သူတို႔လိုမ်ိဳး ကြၽန္ေတာ္မေရးတတ္ပါဘူး။ မေရးခ်င္ပါဘူး။ အဆဲလည္းမခံႏိုင္ပါဘူး။
ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္က ကဗ်ာေတြေရးပါတယ္။ ဂ်ာနယ္ေတြမွာေရးတာေတာ့မဟုတ္ဘူး။ fb မွာေရးတာ။ သူေရးတာ ၃ ၄ ၅ ေၾကာင္းပါပဲ။ ဒါေပမယ့္ သူနာမည္ႀကီးပါတယ္။ သူကအၿမဲတမ္းေျပာေလ့ရွိတယ္။ မင္းက ပိန္းဥမတူးတတ္ဘူးတဲ့။ ဟုတ္ပါတယ္။ သူ႔ကဗ်ာေအာက္က မန္႔ေတြမွာ ပိန္းဥေတြခ်ည္းပါပဲ။ “ရင္ထဲထိတယ္ ၊ အရမ္းေကာင္းတယ္ ဆရာ ၊ လွလိုက္တာဗ်ာ မိုက္တယ္ ၊ အမယ္ ေရးတတ္လိုက္တာ etc..”။ ကြၽန္ေတာ္က ခံစားတတ္သူေတြကို မဆိုလိုပါဘူး။ ဘာမွန္း ညာမွန္းမသိသူေတြကုိ ဆိုလိုတာပါ။ အာ့လိုလူေတြအရမ္းမ်ားပါတယ္။ ကဗ်ာဆိုတာ အေတြးအေခၚ ဒႆန စာေၾကာင္းတစ္ေၾကာင္းမဟုတ္ဘူးဆိုတာကို သူတို႔မသိပါဘူး။
ကြၽန္ေတာ္န႔ဲေပါင္းသင္းေနတဲ့ သူငယ္ခ်င္းေတြၾကားမွာ ကြၽန္ေတာ္က တမူထူးျခားေနပါတယ္။ “တိုင္းျပည္ ဒီေလာက္ဒုကၡေရာက္ေနတာ မင္းတို႔က အခ်စ္ေရယာဥ္ေၾကာ နစ္ေျမာေနတုန္းလား”လို႔ ေျပာမိေတာ့ ကြၽန္ေတာ့္သူငယ္ခ်င္းေတြက ၀ိုင္းရယ္ၾကပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကို ခ်ီးမြမ္းၾကတယ္။ “မင္းက ေသာက္ရူးပဲကြ ႀကီးႀကီးက်ယ္က်ယ္ေတြ သိပ္မေျပာနဲ႔ ႏိုင္ငံေရးနဲ႔ငါတို႔နဲ႔ ဘာမွမဆိုင္ဘူး အားအားယားယား ေထာင္ထဲ၀င္ေနရဦးမယ္ ငုိးမ အာဇာနည္ေကာင္ႀကီး”။
စာေပဟာ လူေတြကိုေျပာင္းလဲေပးႏိုင္စြမ္းရွိတယ္လို႔ ကြၽန္ေတာ္ယံုၾကည္ပါတယ္။ အဲ့ဒါေၾကာင့္ ေျပာင္းလဲေရးေတြ ကြၽန္ေတာ္ေရးပါတယ္။ ေနာင္လည္းဆက္ၿပီး ေရးေနဦးမွာပါ။ ဒါက ကြၽန္ေတာ့္ကေလာင္အေပၚ သစၥာရွိျခင္းပါ။ ကြၽန္ေတာ္ေျပာခ်င္တာက ပရိသတ္အၾကဳိက္လိုက္ေရးၿပီး ေပၚပင္ေတြၾကားမွာ နာမည္ႀကီးေနတာကို ေပ်ာ္ေမြ့မေနၾကေစခ်င္ပါဘူး။ ႏိုင္ငံျပဳျပင္ေရးေတြမ်ားမ်ားေရးၾကေစခ်င္တယ္။ လူငယ္ေတြ ႏိုင္ငံေရးႏိုးၾကားေအာင္ မ်ားမ်ားေရးၾကေစခ်င္ပါတယ္။ ၾကာရင္ လူငယ္ေတြၾကားမွာ ေတာ္လွန္လိုစိတ္ေပ်ာက္ကြယ္ၿပီး အာဏာရွင္ေတြ သက္ဆိုးရွည္ၾကပါလိမ့္မယ္။ လူငယ္မ်ားအား လမ္းျပေခၚေဆာင္မႈေပးႏိုင္ေသာ ကေလာင္မ်ား မ်ားမ်ားေပၚထြန္းလာပါေစ……
Unicode
ကျွန်တော်လည်းလူငယ်တစ်ယောက်ပါ။ အချစ် အလွမ်း feel အဆွေး RO အဲ့သလို ကဗျာတွေ ဝတ္ထုတွေကိုပဲ အသည်းအသန်အားပေးနေကြတဲ့ လူငယ်တွေကြားမှာ ကျွန်တော်ဟာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ကဗျာတွေ ဝတ္ထုတွေကိုပဲရေးခဲ့ပါတယ်။ နိုင်ငံရေးထဲမှာ သမဂ္ဂနိုင်ငံရေးကို အရေးများပါတယ်။ အချစ်တွေ အလွမ်းတွေ မရေးတဲ့ကျွန်တော်ဟာ နာမည်ကျွတ်ကြဲ လူကြိုက်နည်းလှပါတယ်။ နိုင်ငံရေးစာပေဆိုလို့ သားသခင်တို့ ပန်ဆယ်လိုတို့လိုမျိုးတွေ ရေးတယ်မထင်ပါနဲ့။ သူတို့လိုမျိုး ကျွန်တော်မရေးတတ်ပါဘူး။ မရေးချင်ပါဘူး။ အဆဲလည်းမခံနိုင်ပါဘူး။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကဗျာတွေရေးပါတယ်။ ဂျာနယ်တွေမှာရေးတာတော့မဟုတ်ဘူး။ fb မှာရေးတာ။ သူရေးတာ ၃ ၄ ၅ ကြောင်းပါပဲ။ ဒါပေမယ့် သူနာမည်ကြီးပါတယ်။ သူကအမြဲတမ်းပြောလေ့ရှိတယ်။ မင်းက ပိန်းဥမတူးတတ်ဘူးတဲ့။ ဟုတ်ပါတယ်။ သူ့ကဗျာအောက်က မန့်တွေမှာ ပိန်းဥတွေချည်းပါပဲ။ “ရင်ထဲထိတယ် ၊ အရမ်းကောင်းတယ် ဆရာ ၊ လှလိုက်တာဗျာ မိုက်တယ် ၊ အမယ် ရေးတတ်လိုက်တာ etc..”။ ကျွန်တော်က ခံစားတတ်သူတွေကို မဆိုလိုပါဘူး။ ဘာမှန်း ညာမှန်းမသိသူတွေကို ဆိုလိုတာပါ။ အာ့လိုလူတွေအရမ်းများပါတယ်။ ကဗျာဆိုတာ အတွေးအခေါ် ဒဿန စာကြောင်းတစ်ကြောင်းမဟုတ်ဘူးဆိုတာကို သူတို့မသိပါဘူး။
ကျွန်တော်နဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကြားမှာ ကျွန်တော်က တမူထူးခြားနေပါတယ်။ “တိုင်းပြည် ဒီလောက်ဒုက္ခရောက်နေတာ မင်းတို့က အချစ်ရေယာဉ်ကြော နစ်မြောနေတုန်းလား”လို့ ပြောမိတော့ ကျွန်တော့်သူငယ်ချင်းတွေက ဝိုင်းရယ်ကြပါတယ်။ ပြီးတော့ ကျွန်တော့်ကို ချီးမွမ်းကြတယ်။ “မင်းက သောက်ရူးပဲကွ ကြီးကြီးကျယ်ကျယ်တွေ သိပ်မပြောနဲ့ နိုင်ငံရေးနဲ့ငါတို့နဲ့ ဘာမှမဆိုင်ဘူး အားအားယားယား ထောင်ထဲဝင်နေရဦးမယ် ငိုးမ အာဇာနည်ကောင်ကြီး”။
စာပေဟာ လူတွေကိုပြောင်းလဲပေးနိုင်စွမ်းရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲ့ဒါကြောင့် ပြောင်းလဲရေးတွေ ကျွန်တော်ရေးပါတယ်။ နောင်လည်းဆက်ပြီး ရေးနေဦးမှာပါ။ ဒါက ကျွန်တော့်ကလောင်အပေါ် သစ္စာရှိခြင်းပါ။ ကျွန်တော်ပြောချင်တာက ပရိသတ်အကြိုက်လိုက်ရေးပြီး ပေါ်ပင်တွေကြားမှာ နာမည်ကြီးနေတာကို ပျော်မွေ့မနေကြစေချင်ပါဘူး။ နိုင်ငံပြုပြင်ရေးတွေများများရေးကြစေချင်တယ်။ လူငယ်တွေ နိုင်ငံရေးနိုးကြားအောင် များများရေးကြစေချင်ပါတယ်။ ကြာရင် လူငယ်တွေကြားမှာ တော်လှန်လိုစိတ်ပျောက်ကွယ်ပြီး အာဏာရှင်တွေ သက်ဆိုးရှည်ကြပါလိမ့်မယ်။ လူငယ်များအား လမ်းပြခေါ်ဆောင်မှုပေးနိုင်သော ကလောင်များ များများပေါ်ထွန်းလာပါစေ……

