စာေရးသူမ်ားႏွင့္လူငယ္ •••••••••••••••••••••••••

Zawgyi

ကြၽန္ေတာ္လည္းလူငယ္တစ္ေယာက္ပါ။ အခ်စ္ အလြမ္း feel အေဆြး RO အဲ့သလို ကဗ်ာေတြ ၀တၳဳေတြကိုပဲ အသည္းအသန္အားေပးေနၾကတဲ့ လူငယ္ေတြၾကားမွာ ကြၽန္ေတာ္ဟာ ႏိုင္ငံေရးနဲ႔သက္ဆိုင္တဲ့ ကဗ်ာေတြ ၀တၳဳေတြကိုပဲေရးခဲ့ပါတယ္။ ႏိုင္ငံေရးထဲမွာ သမဂၢႏိုင္ငံေရးကို အေရးမ်ားပါတယ္။ အခ်စ္ေတြ အလြမ္းေတြ မေရးတဲ့ကြၽန္ေတာ္ဟာ နာမည္ကြၽတ္ႀကဲ လူႀကိဳက္နည္းလွပါတယ္။ ႏိုင္ငံေရးစာေပဆိုလို႔ သားသခင္တို႔ ပန္ဆယ္လိုတို႔လိုမ်ိဳးေတြ ေရးတယ္မထင္ပါနဲ႔။ သူတို႔လိုမ်ိဳး ကြၽန္ေတာ္မေရးတတ္ပါဘူး။ မေရးခ်င္ပါဘူး။ အဆဲလည္းမခံႏိုင္ပါဘူး။

ကြၽန္ေတာ့္သူငယ္ခ်င္းတစ္ေယာက္က ကဗ်ာေတြေရးပါတယ္။ ဂ်ာနယ္ေတြမွာေရးတာေတာ့မဟုတ္ဘူး။ fb မွာေရးတာ။ သူေရးတာ ၃ ၄ ၅ ေၾကာင္းပါပဲ။ ဒါေပမယ့္ သူနာမည္ႀကီးပါတယ္။ သူကအၿမဲတမ္းေျပာေလ့ရွိတယ္။ မင္းက ပိန္းဥမတူးတတ္ဘူးတဲ့။ ဟုတ္ပါတယ္။ သူ႔ကဗ်ာေအာက္က မန္႔ေတြမွာ ပိန္းဥေတြခ်ည္းပါပဲ။ “ရင္ထဲထိတယ္ ၊ အရမ္းေကာင္းတယ္ ဆရာ ၊ လွလိုက္တာဗ်ာ မိုက္တယ္ ၊ အမယ္ ေရးတတ္လိုက္တာ etc..”။ ကြၽန္ေတာ္က ခံစားတတ္သူေတြကို မဆိုလိုပါဘူး။ ဘာမွန္း ညာမွန္းမသိသူေတြကုိ ဆိုလိုတာပါ။ အာ့လိုလူေတြအရမ္းမ်ားပါတယ္။ ကဗ်ာဆိုတာ အေတြးအေခၚ ဒႆန စာေၾကာင္းတစ္ေၾကာင္းမဟုတ္ဘူးဆိုတာကို သူတို႔မသိပါဘူး။

ကြၽန္ေတာ္န႔ဲေပါင္းသင္းေနတဲ့ သူငယ္ခ်င္းေတြၾကားမွာ ကြၽန္ေတာ္က တမူထူးျခားေနပါတယ္။ “တိုင္းျပည္ ဒီေလာက္ဒုကၡေရာက္ေနတာ မင္းတို႔က အခ်စ္ေရယာဥ္ေၾကာ နစ္ေျမာေနတုန္းလား”လို႔ ေျပာမိေတာ့ ကြၽန္ေတာ့္သူငယ္ခ်င္းေတြက ၀ိုင္းရယ္ၾကပါတယ္။ ၿပီးေတာ့ ကြၽန္ေတာ့္ကို ခ်ီးမြမ္းၾကတယ္။ “မင္းက ေသာက္ရူးပဲကြ ႀကီးႀကီးက်ယ္က်ယ္ေတြ သိပ္မေျပာနဲ႔ ႏိုင္ငံေရးနဲ႔ငါတို႔နဲ႔ ဘာမွမဆိုင္ဘူး အားအားယားယား ေထာင္ထဲ၀င္ေနရဦးမယ္ ငုိးမ အာဇာနည္ေကာင္ႀကီး”။

စာေပဟာ လူေတြကိုေျပာင္းလဲေပးႏိုင္စြမ္းရွိတယ္လို႔ ကြၽန္ေတာ္ယံုၾကည္ပါတယ္။ အဲ့ဒါေၾကာင့္ ေျပာင္းလဲေရးေတြ ကြၽန္ေတာ္ေရးပါတယ္။ ေနာင္လည္းဆက္ၿပီး ေရးေနဦးမွာပါ။ ဒါက ကြၽန္ေတာ့္ကေလာင္အေပၚ သစၥာရွိျခင္းပါ။ ကြၽန္ေတာ္ေျပာခ်င္တာက ပရိသတ္အၾကဳိက္လိုက္ေရးၿပီး ေပၚပင္ေတြၾကားမွာ နာမည္ႀကီးေနတာကို ေပ်ာ္ေမြ့မေနၾကေစခ်င္ပါဘူး။ ႏိုင္ငံျပဳျပင္ေရးေတြမ်ားမ်ားေရးၾကေစခ်င္တယ္။ လူငယ္ေတြ ႏိုင္ငံေရးႏိုးၾကားေအာင္ မ်ားမ်ားေရးၾကေစခ်င္ပါတယ္။ ၾကာရင္ လူငယ္ေတြၾကားမွာ ေတာ္လွန္လိုစိတ္ေပ်ာက္ကြယ္ၿပီး အာဏာရွင္ေတြ သက္ဆိုးရွည္ၾကပါလိမ့္မယ္။ လူငယ္မ်ားအား လမ္းျပေခၚေဆာင္မႈေပးႏိုင္ေသာ ကေလာင္မ်ား မ်ားမ်ားေပၚထြန္းလာပါေစ……

Unicode

ကျွန်တော်လည်းလူငယ်တစ်ယောက်ပါ။ အချစ် အလွမ်း feel အဆွေး RO အဲ့သလို ကဗျာတွေ ဝတ္ထုတွေကိုပဲ အသည်းအသန်အားပေးနေကြတဲ့ လူငယ်တွေကြားမှာ ကျွန်တော်ဟာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ကဗျာတွေ ဝတ္ထုတွေကိုပဲရေးခဲ့ပါတယ်။ နိုင်ငံရေးထဲမှာ သမဂ္ဂနိုင်ငံရေးကို အရေးများပါတယ်။ အချစ်တွေ အလွမ်းတွေ မရေးတဲ့ကျွန်တော်ဟာ နာမည်ကျွတ်ကြဲ လူကြိုက်နည်းလှပါတယ်။ နိုင်ငံရေးစာပေဆိုလို့ သားသခင်တို့ ပန်ဆယ်လိုတို့လိုမျိုးတွေ ရေးတယ်မထင်ပါနဲ့။ သူတို့လိုမျိုး ကျွန်တော်မရေးတတ်ပါဘူး။ မရေးချင်ပါဘူး။ အဆဲလည်းမခံနိုင်ပါဘူး။

ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကဗျာတွေရေးပါတယ်။ ဂျာနယ်တွေမှာရေးတာတော့မဟုတ်ဘူး။ fb မှာရေးတာ။ သူရေးတာ ၃ ၄ ၅ ကြောင်းပါပဲ။ ဒါပေမယ့် သူနာမည်ကြီးပါတယ်။ သူကအမြဲတမ်းပြောလေ့ရှိတယ်။ မင်းက ပိန်းဥမတူးတတ်ဘူးတဲ့။ ဟုတ်ပါတယ်။ သူ့ကဗျာအောက်က မန့်တွေမှာ ပိန်းဥတွေချည်းပါပဲ။ “ရင်ထဲထိတယ် ၊ အရမ်းကောင်းတယ် ဆရာ ၊ လှလိုက်တာဗျာ မိုက်တယ် ၊ အမယ် ရေးတတ်လိုက်တာ etc..”။ ကျွန်တော်က ခံစားတတ်သူတွေကို မဆိုလိုပါဘူး။ ဘာမှန်း ညာမှန်းမသိသူတွေကို ဆိုလိုတာပါ။ အာ့လိုလူတွေအရမ်းများပါတယ်။ ကဗျာဆိုတာ အတွေးအခေါ် ဒဿန စာကြောင်းတစ်ကြောင်းမဟုတ်ဘူးဆိုတာကို သူတို့မသိပါဘူး။

ကျွန်တော်နဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကြားမှာ ကျွန်တော်က တမူထူးခြားနေပါတယ်။ “တိုင်းပြည် ဒီလောက်ဒုက္ခရောက်နေတာ မင်းတို့က အချစ်ရေယာဉ်ကြော နစ်မြောနေတုန်းလား”လို့ ပြောမိတော့ ကျွန်တော့်သူငယ်ချင်းတွေက ဝိုင်းရယ်ကြပါတယ်။ ပြီးတော့ ကျွန်တော့်ကို ချီးမွမ်းကြတယ်။ “မင်းက သောက်ရူးပဲကွ ကြီးကြီးကျယ်ကျယ်တွေ သိပ်မပြောနဲ့ နိုင်ငံရေးနဲ့ငါတို့နဲ့ ဘာမှမဆိုင်ဘူး အားအားယားယား ထောင်ထဲဝင်နေရဦးမယ် ငိုးမ အာဇာနည်ကောင်ကြီး”။

စာပေဟာ လူတွေကိုပြောင်းလဲပေးနိုင်စွမ်းရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲ့ဒါကြောင့် ပြောင်းလဲရေးတွေ ကျွန်တော်ရေးပါတယ်။ နောင်လည်းဆက်ပြီး ရေးနေဦးမှာပါ။ ဒါက ကျွန်တော့်ကလောင်အပေါ် သစ္စာရှိခြင်းပါ။ ကျွန်တော်ပြောချင်တာက ပရိသတ်အကြိုက်လိုက်ရေးပြီး ပေါ်ပင်တွေကြားမှာ နာမည်ကြီးနေတာကို ပျော်မွေ့မနေကြစေချင်ပါဘူး။ နိုင်ငံပြုပြင်ရေးတွေများများရေးကြစေချင်တယ်။ လူငယ်တွေ နိုင်ငံရေးနိုးကြားအောင် များများရေးကြစေချင်ပါတယ်။ ကြာရင် လူငယ်တွေကြားမှာ တော်လှန်လိုစိတ်ပျောက်ကွယ်ပြီး အာဏာရှင်တွေ သက်ဆိုးရှည်ကြပါလိမ့်မယ်။ လူငယ်များအား လမ်းပြခေါ်ဆောင်မှုပေးနိုင်သော ကလောင်များ များများပေါ်ထွန်းလာပါစေ……

အလတ္ဆိုတာ

တို႔တစ္ေတြ လူ႔အဖြဲ႕အစည္းမွာ က်င္လည္ေနေတာ့ အသိုင္းအဝိုင္းအမ်ိဳးမ်ိဳး၊ အဖြဲ႕အစည္းအမ်ိဳးမ်ိဳးနဲ႔ေတာ့ ဆက္သြယ္မႈရွိေနမွာပဲ။ အေသးဆုံးနဲ႔အခိုင္အမာဆုံး အသိုင္းအဝန္းတစ္ခုျဖစ္တဲ့ မိသားစုတစ္ခုမွာ စည္းမ်ဥ္းဥပေဒေတြ ရွိခ်င္မွရွိမယ္။ ခ်စ္ခင္မႈေတြ၊ၾကင္နာမႈေတြနဲ႔ ဖန္တီးထားတဲ့ မိသားစုေလးမွာ မွ်တမႈဆိုတာကိုေတာ့ သတိထားၿပီး ေတြးမိခ်င္မွ ေတြးမိၾကလိမ့္မယ္။ ဒါေပမယ့္ မွ်မွ်တတရွိလွတဲ့ မိသားစုေလးကေတာ့ တန္းတူရည္တူ မရွိတဲ့ မိသားစုေလးထက္ေတာ့ ပိုသာယာၿပီး ေနခ်င့္စဖြယ္ ျဖစ္ေနမွာပါပဲ။
မိသားစု …. မွ်တမႈ …. ဘယ္လိုအခ်က္ေတြကို မွ်တတယ္၊ မမွ်တဘူး လို႔မွတ္ယူၾကသလဲ။ ခ်စ္ျခင္းေမတၱာေတြမွာ မွ်တတယ္ မမွ်တဘူးရွိသလား။ ရွိကိုရွိပါတယ္။ ကိုယ္ကအမွတ္မထင္ျပဳမႈလိုက္မိတဲ့ အရာေလးေတြကလည္း ကိုယ့္မိသားစုေလးကို စိတ္ထိခိုက္ဖြယ္ရာေတြလည္း ေပးမိတတ္ပါတယ္။ ဥပမာ တစ္ခ်ိဳ႕မိသားစုေတြမွာ အလတ္ဆိုရင္ အလိုလိုကို ခြဲျခားခံရတယ္ ထင္ေနတတ္တာမ်ိဳုး။ သူငယ္ခ်င္း အလတ္တစ္ေယာက္ကေျပာဖူးတယ္။ သူ႔မိသားစုမွာသူဟာ ဘာမွမဟုတ္သလို၊ အေရးမပါသလိုခံစားရတယ္တဲ့။ အေဖက သူကသားႀကီးကို အားကိုးေနခ်ိန္မွာ အေမကေတာ့ သားအငယ္ဆုံးေလးကို အခ်စ္ေတြပုံေပးေနေလရဲ႕တဲ့။ စိတ္ထင္လို႔ပဲ ျဖစ္မွာပါ၊ တစ္ျခားဘက္က ေျပာင္းေတြးၾကည့္ပါလို႔ ဘယ္ေလာက္ပဲေျပာေျပာ သူလုံးဝလက္မခံႏိုင္ဘူး။ သူဒီလိုအေတြးေတြနဲ႔ က်င္လည္ေနတာဟာ သူသိတတ္စကတည္းကပဲဆိုပါေတာ့။
တရားမွ်တမႈဆိုတာကို ကိုယ္ကိုယ္တိုင္စဥ္းစားခ်င့္ခ်ိန္ႏိုင္တယ္လို႔ ေတြးေကာင္း ေတြးမိလိမ့္မယ္။ တကယ္တမ္းေတာ့ မတရားဘူးဆိုတာ သိလ်က္နဲ႔ျဖစ္ေစ၊ မသိလို႔ပဲျဖစ္ေစ မတရားမႈေတြကို ျပဳမႈမိတတ္ၾကပါေသးတယ္။ ဒီေနရာမွာေျပာခ်င္တဲ့ တရားမွ်တမႈဆိုတာကေတာ့ ႐ိုးသားမႈနဲ႔ သာတူညီမွ်မႈ ကို အေလးေပးခ်င္တယ္။ လူတိုင္းကို သာတူညီမွ်၊ တန္းတူအခြင့္အေရးနဲ႔ တန္းတူဆက္ဆံမႈရွိရမယ္။ အကယ္၍ ဥပေဒေတြ စည္းမ်ဥ္းေတြသာရွိေနမယ့္ အသိုင္းအဝိုင္းဆိုရင္ အဲ့ဒီဥပေဒ စည္းမ်ဥ္းေတြေအာက္မွာ၊ အဲ့ဥပေဒစည္းမ်ဥ္းကို လိုက္နာသူတိုင္းအတြက္ တန္းတူရည္တူဆက္ဆံခံခြင့္ ရွိကိုရွိရမယ္။
ကိုယ့္ကိုု မိသားစုက ခြဲျခားဆက္ဆံေနတယ္၊ တန္းတူ မဆက္ဆံခံရဘူးထင္ရင္ အေကာင္းဆုံးနည္းလမ္းက ႏွလုံးသားတံခါးကို ဖြင့္ထားၿပီး အားလုံးကို နားလည္ေပးႏိုင္ေအာင္ႀကိဳးစားၾကည့္ပါ။ ႀကိဳးစားေနတာပဲ မရတာဆိုရင္ ခ်ဥ္းကပ္ပုံနည္းနည္း လြဲေနလို႔ပါ။ ထုတ္ေဖာ္ေျပာျပၿပီး ေဆြးေႏြးတာမ်ိဳးလည္း လုပ္ႏိုင္သလို စိတ္ထားတတ္ဖို႔လည္း လိုပါတယ္။ အခ်ိန္ေပးပါ။ မိဘေတြအေနနဲ႔လည္း တန္းတူညီမွ် အခ်စ္ေတြေပးႏိုင္ဖို႔ သတိရွိရပါမယ္။ လူရဲ႕စိတ္ေတြဟာ ႏူးညံ့လြန္းလွလို႔ ဒဏ္ရာလည္း အရလြယ္ပါတယ္။ သာယာေပ်ာ္႐ႊင္ေသာ မိသားစု ဘဝေလးေတြရဖို႔ သတိမမူမိေနတာေလးေတြကိုလည္း သတိျပဳသင့္ပါတယ္။ လူသားတိုင္း စိတ္နာက်င္မႈမ်ားမွ ကင္းေဝးႏိုင္ၾကပါေစ။

Unicode

အလတ်ဆိုတာ

တို့တစ်တွေ လူ့အဖွဲ့အစည်းမှာ ကျင်လည်နေတော့ အသိုင်းအဝိုင်းအမျိုးမျိုး၊ အဖွဲ့အစည်းအမျိုးမျိုးနဲ့တော့ ဆက်သွယ်မှုရှိနေမှာပဲ။ အသေးဆုံးနဲ့အခိုင်အမာဆုံး အသိုင်းအဝန်းတစ်ခုဖြစ်တဲ့ မိသားစုတစ်ခုမှာ စည်းမျဉ်းဥပဒေတွေ ရှိချင်မှရှိမယ်။ ချစ်ခင်မှုတွေ၊ကြင်နာမှုတွေနဲ့ ဖန်တီးထားတဲ့ မိသားစုလေးမှာ မျှတမှုဆိုတာကိုတော့ သတိထားပြီး တွေးမိချင်မှ တွေးမိကြလိမ့်မယ်။ ဒါပေမယ့် မျှမျှတတရှိလှတဲ့ မိသားစုလေးကတော့ တန်းတူရည်တူ မရှိတဲ့ မိသားစုလေးထက်တော့ ပိုသာယာပြီး နေချင့်စဖွယ် ဖြစ်နေမှာပါပဲ။
မိသားစု …. မျှတမှု …. ဘယ်လိုအချက်တွေကို မျှတတယ်၊ မမျှတဘူး လို့မှတ်ယူကြသလဲ။ ချစ်ခြင်းမေတ္တာတွေမှာ မျှတတယ် မမျှတဘူးရှိသလား။ ရှိကိုရှိပါတယ်။ ကိုယ်ကအမှတ်မထင်ပြုမှုလိုက်မိတဲ့ အရာလေးတွေကလည်း ကိုယ့်မိသားစုလေးကို စိတ်ထိခိုက်ဖွယ်ရာတွေလည်း ပေးမိတတ်ပါတယ်။ ဥပမာ တစ်ချို့မိသားစုတွေမှာ အလတ်ဆိုရင် အလိုလိုကို ခွဲခြားခံရတယ် ထင်နေတတ်တာမျိုုး။ သူငယ်ချင်း အလတ်တစ်ယောက်ကပြောဖူးတယ်။ သူ့မိသားစုမှာသူဟာ ဘာမှမဟုတ်သလို၊ အရေးမပါသလိုခံစားရတယ်တဲ့။ အဖေက သူကသားကြီးကို အားကိုးနေချိန်မှာ အမေကတော့ သားအငယ်ဆုံးလေးကို အချစ်တွေပုံပေးနေလေရဲ့တဲ့။ စိတ်ထင်လို့ပဲ ဖြစ်မှာပါ၊ တစ်ခြားဘက်က ပြောင်းတွေးကြည့်ပါလို့ ဘယ်လောက်ပဲပြောပြော သူလုံးဝလက်မခံနိုင်ဘူး။ သူဒီလိုအတွေးတွေနဲ့ ကျင်လည်နေတာဟာ သူသိတတ်စကတည်းကပဲဆိုပါတော့။
တရားမျှတမှုဆိုတာကို ကိုယ်ကိုယ်တိုင်စဉ်းစားချင့်ချိန်နိုင်တယ်လို့ တွေးကောင်း တွေးမိလိမ့်မယ်။ တကယ်တမ်းတော့ မတရားဘူးဆိုတာ သိလျက်နဲ့ဖြစ်စေ၊ မသိလို့ပဲဖြစ်စေ မတရားမှုတွေကို ပြုမှုမိတတ်ကြပါသေးတယ်။ ဒီနေရာမှာပြောချင်တဲ့ တရားမျှတမှုဆိုတာကတော့ ရိုးသားမှုနဲ့ သာတူညီမျှမှု ကို အလေးပေးချင်တယ်။ လူတိုင်းကို သာတူညီမျှ၊ တန်းတူအခွင့်အရေးနဲ့ တန်းတူဆက်ဆံမှုရှိရမယ်။ အကယ်၍ ဥပဒေတွေ စည်းမျဉ်းတွေသာရှိနေမယ့် အသိုင်းအဝိုင်းဆိုရင် အဲ့ဒီဥပဒေ စည်းမျဉ်းတွေအောက်မှာ၊ အဲ့ဥပဒေစည်းမျဉ်းကို လိုက်နာသူတိုင်းအတွက် တန်းတူရည်တူဆက်ဆံခံခွင့် ရှိကိုရှိရမယ်။
ကိုယ့်ကိုု မိသားစုက ခွဲခြားဆက်ဆံနေတယ်၊ တန်းတူ မဆက်ဆံခံရဘူးထင်ရင် အကောင်းဆုံးနည်းလမ်းက နှလုံးသားတံခါးကို ဖွင့်ထားပြီး အားလုံးကို နားလည်ပေးနိုင်အောင်ကြိုးစားကြည့်ပါ။ ကြိုးစားနေတာပဲ မရတာဆိုရင် ချဉ်းကပ်ပုံနည်းနည်း လွဲနေလို့ပါ။ ထုတ်ဖော်ပြောပြပြီး ဆွေးနွေးတာမျိုးလည်း လုပ်နိုင်သလို စိတ်ထားတတ်ဖို့လည်း လိုပါတယ်။ အချိန်ပေးပါ။ မိဘတွေအနေနဲ့လည်း တန်းတူညီမျှ အချစ်တွေပေးနိုင်ဖို့ သတိရှိရပါမယ်။ လူရဲ့စိတ်တွေဟာ နူးညံ့လွန်းလှလို့ ဒဏ်ရာလည်း အရလွယ်ပါတယ်။ သာယာပျော်ရွှင်သော မိသားစု ဘဝလေးတွေရဖို့ သတိမမူမိနေတာလေးတွေကိုလည်း သတိပြုသင့်ပါတယ်။ လူသားတိုင်း စိတ်နာကျင်မှုများမှ ကင်းဝေးနိုင်ကြပါစေ။

ကေလာင္တစ္ေခ်ာင္း၏ တန္ဖိုး

Zawgyi

ကေလာင္တစ္ေခ်ာင္းရဲ႕တန္ဖိုးကို ခင္ဗ်ားတို႔ေတြ ဘယ္လိုတန္ဖိုးျဖတ္၊ ဘယ္လိုသတ္မွတ္ၾကပါသလဲ??? အေရးအသားေကာင္းတာလား? စကားလံုးေတြေျပာင္ေျမာက္တာလား? ရည္ရြယ္ခ်က္ေကာင္းတာကိုလား?
ကြၽန္ေတာ္က ကဗ်ာပိုင္းေရာ ၊ ဝတၳဳပိုင္းမွာပါ ေရးေနေလေတာ့ နယ္ပယ္ ၂ ခုလံုးက ကေလာင္ေတာ္ေတာ္မ်ားမ်ားနဲ႔ ရင္းႏွီးပါတယ္။ အထူးသျဖင့္ ကဗ်ာနယ္ပယ္က တက္သစ္စ ကေလာင္ေတြနဲ႔ပိုၿပီးရင္းႏွီးပါတယ္။ ကြၽန္ေတာ္နဲ႔လူခ်င္းရင္းႏွီးတာေတာ့မဟုတ္ပါဘူး။ သူတို႔ကဗ်ာေတြနဲ႔ပါ။
တခ်ိဳ႔တက္သစ္စေတြရဲ႕ကဗ်ာေတြဟာ အလြန္ေကာင္းလွပါတယ္။ တခ်ိဳ႕ဆို ျမန္မာကဗ်ာကိုပိုင္ႏိုင္စြာ ေရးသားႏိုင္ၾကပါတယ္။

ဒီမွာေျပာစရာ႐ွိေနတာက အလြန္ေကာင္းတဲ့ကဗ်ာေတြဟာ အလြန္ေကာင္းဖို႔ကိုပဲ ရည္မွန္းခ်က္ထားေနတာကို ေတြ႔ျမင္ေနရတာပါ။ ဆိုပါေတာ့…ပရိသတ္အႀကိဳက္ေပါ့ေလ။ ပရိသတ္က “အရမ္းေကာင္းတယ္၊ အရမ္းမိုက္တယ္” ဆိုရင္ သူတို႔ေပ်ာ္ၾက ၊ ပီတိျဖစ္ၾကပါတယ္။ ဒါေပမယ့္ သူတို႔မေတြးမိတာက သူတို႔ကဗ်ာဟာ ျပည္သူလူထုကို ဘယ္ေလာက္လမ္းျပေပးႏိုင္လဲဆိုတာကိုပါပဲ။ သူတို႔မေတြးမိၾကပါဘူး။ တခ်ိဳ႕ကေျပာၾကတယ္။ ကဗ်ာဖန္တီးတာ အႏုပညာအလုပ္၊ အႏုပညာကို အႏုပညာလိုပဲခံစားေပါ့တဲ့။ မွန္ပါတယ္။ ကြၽန္ေတာ္မျငင္းပါဘူး။ ဒါေပမယ့္ အႏုပညာခံစားခြင့္နဲ့ ျပည္သူလူထုလမ္းျပမႈကို တြဲစပ္လိုက္ရင္ ပိုမေကာင္းဘူးလား။

ဆရာတင္မိုးက ေျပာခဲ့ဖူးပါတယ္။ ျပည္သူလူထုဒုကၡေရာက္ေနခ်ိန္မွာ ျပည္သူဘက္ကမရပ္တည္တဲ့ကေလာင္ဟာ သစၥာေဖာက္ပါပဲတဲ့။ အခုအခ်ိန္ဟာ ဘယ္သူမွအႏုပညာကို အျပည့္အဝဇိမ္နဲ႔ မခံစားေနႏိုင္ပါဘူး။ စားေရး ဝတ္ေရး စီးပြားေရးေတြနဲ႔ လံုးလည္လိုက္ေနၾကတာပါ။ စာေပေလာကသားေတြ ပိုသိပါတယ္။ ဝတၳဳ ၊ ကဗ်ာကို ဇိမ္နဲ႔ထိုင္ဖတ္ေနတဲ့သူမ်ားလား? ဖုန္းပြတ္ေနတဲ့သူမ်ားလား? ဆိုတာကို။

ကြၽန္ေတာ္ယူဆတဲ့ ကေလာင္တစ္ေခ်ာင္းရဲ႕ တန္ဖိုးဆိုတာဟာ ျပည္သူနဲ႔အတူ႐ွိေနျခင္းပါပဲ။ ျပည္သူ႔သ႐ုပ္မွန္ကိုေဖာ္ျပျခင္းပါပဲ။ ျပည္သူကိုလြတ္ေျမာက္ရာ လမ္းျပျခင္းပါပဲ။ ဆရာႀကီးသခင္ကိုယ္ေတာ္မႈိင္းဟာ ျပည္သူကိုလမ္းျပသြားခဲ့ပါတယ္။ သူ႔ကေလာင္ရဲ႕တန္ဖိုးဟာ ခုထိက်မသြားပါဘူး။
အေရးအသားေကာင္းေနတဲ့ ကေလာင္ေတြအေနနဲ႔ အေရးအသားေကာင္းဖို႔ကိုပဲ အာရံုစိုက္မေနဘဲ ျပည္သူနဲ႔အတူရပ္တည္ၿပီး ျပည္သူကိုလမ္းျပေပးႏိုင္မယ္၊ message ေကာင္းေကာင္းေတြေပးႏိုင္မယ္ဆိုရင္ ခင္ဗ်ားတို႔ရဲ႕ ကေလာင္တန္ဖိုးတက္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္။ ခင္ဗ်ားတို႔ေရာ ကေလာင္တစ္ေခ်ာင္းရဲ့တန္ဖိုးကို ဘယ္လိုထင္လဲဗ်??????

Unicode

ကလောင်တစ်ချောင်းရဲ့တန်ဖိုးကို ခင်ဗျားတို့တွေ ဘယ်လိုတန်ဖိုးဖြတ်၊ ဘယ်လိုသတ်မှတ်ကြပါသလဲ??? အရေးအသားကောင်းတာလား? စကားလုံးတွေပြောင်မြောက်တာလား? ရည်ရွယ်ချက်ကောင်းတာကိုလား?
ကျွန်တော်က ကဗျာပိုင်းရော ၊ ဝတ္ထုပိုင်းမှာပါ ရေးနေလေတော့ နယ်ပယ် ၂ ခုလုံးက ကလောင်တော်တော်များများနဲ့ ရင်းနှီးပါတယ်။ အထူးသဖြင့် ကဗျာနယ်ပယ်က တက်သစ်စ ကလောင်တွေနဲ့ပိုပြီးရင်းနှီးပါတယ်။ ကျွန်တော်နဲ့လူချင်းရင်းနှီးတာတော့မဟုတ်ပါဘူး။ သူတို့ကဗျာတွေနဲ့ပါ။
တချို့တက်သစ်စတွေရဲ့ကဗျာတွေဟာ အလွန်ကောင်းလှပါတယ်။ တချို့ဆို မြန်မာကဗျာကိုပိုင်နိုင်စွာ ရေးသားနိုင်ကြပါတယ်။

ဒီမှာပြောစရာရှိနေတာက အလွန်ကောင်းတဲ့ကဗျာတွေဟာ အလွန်ကောင်းဖို့ကိုပဲ ရည်မှန်းချက်ထားနေတာကို တွေ့မြင်နေရတာပါ။ ဆိုပါတော့…ပရိသတ်အကြိုက်ပေါ့လေ။ ပရိသတ်က “အရမ်းကောင်းတယ်၊ အရမ်းမိုက်တယ်” ဆိုရင် သူတို့ပျော်ကြ ၊ ပီတိဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့မတွေးမိတာက သူတို့ကဗျာဟာ ပြည်သူလူထုကို ဘယ်လောက်လမ်းပြပေးနိုင်လဲဆိုတာကိုပါပဲ။ သူတို့မတွေးမိကြပါဘူး။ တချို့ကပြောကြတယ်။ ကဗျာဖန်တီးတာ အနုပညာအလုပ်၊ အနုပညာကို အနုပညာလိုပဲခံစားပေါ့တဲ့။ မှန်ပါတယ်။ ကျွန်တော်မငြင်းပါဘူး။ ဒါပေမယ့် အနုပညာခံစားခွင့်နဲ့ ပြည်သူလူထုလမ်းပြမှုကို တွဲစပ်လိုက်ရင် ပိုမကောင်းဘူးလား။

ဆရာတင်မိုးက ပြောခဲ့ဖူးပါတယ်။ ပြည်သူလူထုဒုက္ခရောက်နေချိန်မှာ ပြည်သူဘက်ကမရပ်တည်တဲ့ကလောင်ဟာ သစ္စာဖောက်ပါပဲတဲ့။ အခုအချိန်ဟာ ဘယ်သူမှအနုပညာကို အပြည့်အဝဇိမ်နဲ့ မခံစားနေနိုင်ပါဘူး။ စားရေး ဝတ်ရေး စီးပွားရေးတွေနဲ့ လုံးလည်လိုက်နေကြတာပါ။ စာပေလောကသားတွေ ပိုသိပါတယ်။ ဝတ္ထု ၊ ကဗျာကို ဇိမ်နဲ့ထိုင်ဖတ်နေတဲ့သူများလား? ဖုန်းပွတ်နေတဲ့သူများလား? ဆိုတာကို။

ကျွန်တော်ယူဆတဲ့ ကလောင်တစ်ချောင်းရဲ့ တန်ဖိုးဆိုတာဟာ ပြည်သူနဲ့အတူရှိနေခြင်းပါပဲ။ ပြည်သူ့သရုပ်မှန်ကိုဖော်ပြခြင်းပါပဲ။ ပြည်သူကိုလွတ်မြောက်ရာ လမ်းပြခြင်းပါပဲ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်သူကိုလမ်းပြသွားခဲ့ပါတယ်။ သူ့ကလောင်ရဲ့တန်ဖိုးဟာ ခုထိကျမသွားပါဘူး။
အရေးအသားကောင်းနေတဲ့ ကလောင်တွေအနေနဲ့ အရေးအသားကောင်းဖို့ကိုပဲ အာရုံစိုက်မနေဘဲ ပြည်သူနဲ့အတူရပ်တည်ပြီး ပြည်သူကိုလမ်းပြပေးနိုင်မယ်၊ message ကောင်းကောင်းတွေပေးနိုင်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ ကလောင်တန်ဖိုးတက်လာလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ခင်ဗျားတို့ရော ကလောင်တစ်ချောင်းရဲ့တန်ဖိုးကို ဘယ်လိုထင်လဲဗျ??????

သတိုးညို

ေနရာတစ္ကာ ျဖည့္ေတြးေနေတာ့မွာလား? ဘယ္လိုအေျခအေနမွာ ျဖည့္ေတြးမွာလဲ နေရာတကာ ြဖည့်တွေးနေတော့မှာလား? ဘယ်လိုအေြခအနေမှာ ြဖည့်တွေးမှာလဲ

(Zawgyi)

ကဲ… ေျပာ….တစ္ေယာက္ေယာက္က ကိုယ့္ကိုၾကိဳက္ေနတယ္၊ ေၾကြေနတယ္လို႔ ထင္ျပီးမွ တစ္ျခားသူနဲ႔ ရည္းစားျဖစ္သြားတာမ်ိဳးေတြ၊ တကယ္တမ္း ကိုယ့္ကိုၾကိဳက္ေနတာ မဟုတ္ဘူးဆိုတာ သိလိုက္ရတာမ်ိဳးေတြ ျဖစ္ဖူးၾကလား။ ဒါဆိုရင္ေတာ့ wishful thinking ေလးေတြ မ်ားေနလို႔ပါ။ နည္းနည္းေလးေလ်ာ့ဖို႔လိုေနပါျပီ။ Wishful thinking ဆိုတာမ်ိဳးက ကိုယ့္ရဲ႕အေတြးေတြထဲမွာ ကိုယ္ျဖစ္ခ်င္တာေတြ၊ ကုိယ့္ရဲ႕ဆႏၵေတြကို ျဖည့္စြက္ျပီး ထည့္ထည့္ေတြးမိေနလို႔ပါပဲ။
လူတစ္ေယာက္ရဲ႕စိတ္ကို ကိုယ္ကျမင္ေနနိုင္တာ မဟုတ္ပါဘူး။ ဒီေတာ့ လူေတြရဲ႕ စိတ္ကိုခန့္မွန္း သံုးသပ္တဲ့အခါ၊ အေျခအေနေတြကို သံုးသပ္တဲ့အခါ အနည္းဆံုးေတာ့ ကိုယ္ထင္တာ ကိုယ္ျမင္တာေတြ ျဖည့္ေတြးမယ့္အစား ျဖစ္နိုင္ေျခရွိတာေတြကို ခ်င့္ခ်ိန္ေတြးေတာဖို႔လိုပါတယ္။ ကူညီလိုက္ရံု၊ စကားစျမည္ေျပာျဖစ္ရံုနဲ႔ ကိုယ့္ကိုမ်ား စိတ္၀င္စားေနမလားလို႔ ေတြးမိတဲ့အခါ ေနာက္ဆံုး နာက်င္ရမွာက ကိုယ္ပဲမဟုတ္္လား။ ဒါက Wishful thinking က ဘယ္ေလာက္ အေနွာင့္အယွက္ေပးလဲဆိုတာကို ဥပမာေပးတာပါ။

အေျခခံက်က်ေတြးေခၚတတ္ဖို႔ အေရးအၾကီးဆံုးလိုတာက ရႈေထာင့္ေပါင္းစံုဘက္ကေန ေတြးေခၚတတ္ဖို႔လိုပါတယ္။ Wishful Thinking မွာေတာ့ ကိုယ္ျဖစ္ေစခ်င္တာေတြကို အေလးသာသာေလးေပးျပီး ေတြးျမင္ ေမွ်ာ္လင့္မိတတ္တာေၾကာင့္ Critical က်မႈကို ေလ်ာ့က်ေစပါတယ္။ အေတြးအေခၚေကာင္းဖို႔၊ ကိုယ့္ရဲ႕ေတြးေခၚမႈေတြမွန္ကန္ဖို႔က က်ိဳးေၾကာင္းဆက္စပ္နိုင္မႈက အဓိကအေရးၾကီးပါတယ္။ က်ိဳးေၾကာင္းဆက္စပ္တဲ့ အခါမွာလည္း ဘက္လိုက္မႈကင္းဖို႔ အေျခအေန၊ အခ်ိန္အခါကိ္္ု လိုက္ျပီးစဥ္းစားတတ္ဖို႔လိုပါတယ္။ ဒါေၾကာင့္ ကိုယ့္ဘက္ကို ငဲ့ကြက္ စဥ္းစားတာမ်ိဳးေတြက အေျခအေနအမွန္နဲ႔ ေ၀းကြာသြားပါလိမ့္မယ္။

Related Article>>> Youth and Future https://echo.health.blog/2019/06/05/000001/

ေနာက္တစ္ခ်က္က စိတ္ခံစားမႈကိုလည္း စဥ္းစားတဲ့အခ်ိန္အတြင္းမွာ ေမ့ေဖ်ာက္ထားဖို႔လိုပါတယ္။ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္က စိတ္ဆိုးတဲ့အခါရွိမယ္၊ ၀မ္းနည္းတဲ့အခါရွိမယ္၊ ၀မ္းသာတဲ့့အခါရွိမယ္။ ဒါေတြကို စဥ္းစား ဆံုးျဖတ္ေနတဲ့အခ်ိန္မွာ ေမ့ေဖ်ာက္ထားနိုင္ဖို႔လိုပါတယ္။ မေမ့ေဖ်ာက္ထားနိုင္ရင္ ကိုယ့္ရဲ႕ စိတ္ခံစားခ်က္အလိုက္ အေကာင္းဖက္ကို ပိုပိုသာသာေလးေတြးေပးလိုက္တာမ်ိဳး ျဖစ္နိုင္သလို ၀မ္းနည္း၊ ေဒါသထြက္ေနတဲ့ အခ်ိန္မွာဆိုရင္ေတာ့ အဆိုးဘက္ကို ပိုျပီး ဦးတည္သြားနိုင္ပါတယ္။ ဒါေၾကာင့္ စိတ္ခံစားခ်က္ေတြကို တစ္ခဏ ေမ့ေဖ်ာက္ထားနိုင္ဖို႔ကလည္း အကၡရာက်ပါတယ္။
အဘက္ဘက္က စဥ္းစားတဲ့အခါ စဥ္းစားျပီးသြားရင္လည္း ကိုယ့္ဆံုးျဖတ္ခ်က္အေပၚကို ျပန္လည္သံုးသပ္ခ်က္ေတြ၊ ျငင္းဆိုခ်က္ေတြ ကိုယ္တိုင္ထုတ္ဖို႔လညး္ လိုပါတယ္။ ကိုယ့္ဆံုးျဖတ္ခ်က္ေတြ၊ အေတြးအေခၚေတြက အနီးစပ္ဆံုး အေျခအေနမွန္နဲ႔ ကိုက္ညီေအာင္ ျပန္လည္သံုးသပ္မႈက တကယ္ကို လိုအပ္တဲ့အရာတစ္ခုပါပဲ။ ကိုယ့္ရဲ႕ျငင္းခ်က္ေတြထဲမွာ ကိုယ့္ဆံုးျဖတ္နဲ႔ ပိုျပီးကိုက္ညီ၊ ဆီေလ်ာ္တဲ႔ အေျခအေနမ်ိဳးေတြ႔ျပီဆိုရင္လည္း ကိုယ့္စဥ္းစားမႈကို ျပန္လည္သံုးသပ္နိုင္ဖို႔ လက္နက္တစ္ခုပါပဲ။
စဥ္းစားေတြးေခၚတဲ့ေနရာ၊ အေၾကာင္းအရာတစ္ခုကို ဆင္ျခင္သံုးသပ္တဲ႔ ေနရာမွာေတာ့ wishful thinking က အေျခအေနမွန္နဲ႔ ေ၀းကြာေစလို႔ အေနွာက္အယွက္ေပးတတ္ေပမယ့္ အခ်ိဳ႕ေနရာမ်ိဳးေတြမွာေတာ့ ေကာင္းမြန္တဲ့ သေဘာေဆာင္တာမ်ိဳးေတြကိုလည္း ေတြ႔ရပါတယ္။ ျဖည့္ေတြးတာမ်ိဳးက ျပႆနာတစ္ခု၊ အေၾကာင္းအရာ တစ္ခုရဲ႕ ဆန္႔က်င္ဘက္ကို ပို႔ေပးနိုင္တာေၾကာင့္ အကယ္၍ ကိုယ္ကသာ အဆိုးေတြကို အေကာင္းဘက္ကို ျဖည့္ေတြးျပီး ဦးတည္ေပးလိုက္ရင္ ကိုယ့္အတြက္ အက်ိဳးမ်ားလာပါလိမ့္မယ္။
တစ္ခါတစ္ေလမွာ လူအမ်ားနဲ႔ ဆက္ဆံရတဲ့အခါ လူအမ်ိဳးမ်ိဳး၊ စိတ္အေထြေထြဆိုတဲ့အတိုင္းပဲ လူေပါင္းစံု၊ စိတ္ဓာတ္ေပါင္းစံု၊ အျပဳအမူေပါင္းစံုနဲ႔ ေတြ႔ရတဲ့အခါ wishful thinking ေလးကိုသာ လက္နက္အျဖစ္ ေဆာင္ထားလိုက္ပါ။ လူတစ္ေယာက္က ကိုယ့္ကို မခံနိုင္ေအာင္လာေျပာတဲ့အခါ ေၾသာ္ သူကဒီလိုပဲ ေျပာတတ္တာပါ၊ တကယ္စိတ္ရင္းအမွန္ ဟုတ္ခ်င္မွ ဟုတ္မွာပါလို႔သာ ျဖည့္ေတြးေပးလိုက္ပါ။ အနည္းဆံုးေတာ့ ကိုယ့္ရဲ႕စိတ္ခ်မ္းသာမႈကို ေပးနိုင္တဲ့အျပင္ အခ်င္းျဖစ္ပြားတာေတြကိုပါ ေလ်ာ့ခ်ေပးနိုင္တာေပါ့။ အခု အက္ဒ္မင္ကေတာ့ လက္နက္ေလးေပးလိုက္ျပီ။ ဒီေတာ့ wishful thinking ဆိုတဲ့ လက္နက္ေလးကို လိုတိုးပိုေလ်ာ့ေလး လုပ္ေပးျပီး အေျခအေနတိုင္းနဲ႔ ကိုက္ညီအဆင္ေျပေအာင္ ခ်ိန္ဆရမွာက echoers တို႔ရဲ႕တာ၀န္ေပါ့ေနာ္။

(Unicode)

ကဲ… ပြော….တစ်ယောက်ယောက်က ကိုယ့်ကိုကြိုက်နေတယ်၊ ကြွေနေတယ်လို့ ထင်ပြီးမှ တစ်ခြားသူနဲ့ ရည်းစားဖြစ်သွားတာမျိုးတွေ၊ တကယ်တမ်း ကိုယ့်ကိုကြိုက်နေတာ မဟုတ်ဘူးဆိုတာ သိလိုက်ရတာမျိုးတွေ ဖြစ်ဖူးကြလား။ ဒါဆိုရင်တော့ wishful thinking လေးတွေ များနေလို့ပါ။ နည်းနည်းလေးလျော့ဖို့လိုနေပါပြီ။ Wishful thinking ဆိုတာမျိုးက ကိုယ့်ရဲ့အတွေးတွေထဲမှာ ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ရဲ့ဆန္ဒတွေကို ဖြည့်စွက်ပြီး ထည့်ထည့်တွေးမိနေလို့ပါပဲ။
လူတစ်ယောက်ရဲ့စိတ်ကို ကိုယ်ကမြင်နေနိုင်တာ မဟုတ်ပါဘူး။ ဒီတော့ လူတွေရဲ့ စိတ်ကိုခန့်မှန်း သုံးသပ်တဲ့အခါ၊ အခြေအနေတွေကို သုံးသပ်တဲ့အခါ အနည်းဆုံးတော့ ကိုယ်ထင်တာ ကိုယ်မြင်တာတွေ ဖြည့်တွေးမယ့်အစား ဖြစ်နိုင်ခြေရှိတာတွေကို ချင့်ချိန်တွေးတောဖို့လိုပါတယ်။ ကူညီလိုက်ရုံ၊ စကားစမြည်ပြောဖြစ်ရုံနဲ့ ကိုယ့်ကိုများ စိတ်ဝင်စားနေမလားလို့ တွေးမိတဲ့အခါ နောက်ဆုံး နာကျင်ရမှာက ကိုယ်ပဲမဟုတ်လား။ ဒါက Wishful thinking က ဘယ်လောက် အနှောင့်အယှက်ပေးလဲဆိုတာကို ဥပမာပေးတာပါ။

အခြေခံကျကျတွေးခေါ်တတ်ဖို့ အရေးအကြီးဆုံးလိုတာက ရှုထောင့်ပေါင်းစုံဘက်ကနေ တွေးခေါ်တတ်ဖို့လိုပါတယ်။ Wishful Thinking မှာတော့ ကိုယ်ဖြစ်စေချင်တာတွေကို အလေးသာသာလေးပေးပြီး တွေးမြင် မျှော်လင့်မိတတ်တာကြောင့် Critical ကျမှုကို လျော့ကျစေပါတယ်။ အတွေးအခေါ်ကောင်းဖို့၊ ကိုယ့်ရဲ့တွေးခေါ်မှုတွေမှန်ကန်ဖို့က ကျိုးကြောင်းဆက်စပ်နိုင်မှုက အဓိကအရေးကြီးပါတယ်။ ကျိုးကြောင်းဆက်စပ်တဲ့ အခါမှာလည်း ဘက်လိုက်မှုကင်းဖို့ အခြေအနေ၊ အချိန်အခါကိ်ု လိုက်ပြီးစဉ်းစားတတ်ဖို့လိုပါတယ်။ ဒါကြောင့် ကိုယ့်ဘက်ကို ငဲ့ကွက် စဉ်းစားတာမျိုးတွေက အခြေအနေအမှန်နဲ့ ဝေးကွာသွားပါလိမ့်မယ်။

Related Article>>> Youth and Future https://echo.health.blog/2019/06/05/000001/

နောက်တစ်ချက်က စိတ်ခံစားမှုကိုလည်း စဉ်းစားတဲ့အချိန်အတွင်းမှာ မေ့ဖျောက်ထားဖို့လိုပါတယ်။ ကိုယ့်ရဲ့ စိတ်ခံစားချက်က စိတ်ဆိုးတဲ့အခါရှိမယ်၊ ဝမ်းနည်းတဲ့အခါရှိမယ်၊ ဝမ်းသာတဲ့အခါရှိမယ်။ ဒါတွေကို စဉ်းစား ဆုံးဖြတ်နေတဲ့အချိန်မှာ မေ့ဖျောက်ထားနိုင်ဖို့လိုပါတယ်။ မမေ့ဖျောက်ထားနိုင်ရင် ကိုယ့်ရဲ့ စိတ်ခံစားချက်အလိုက် အကောင်းဖက်ကို ပိုပိုသာသာလေးတွေးပေးလိုက်တာမျိုး ဖြစ်နိုင်သလို ဝမ်းနည်း၊ ဒေါသထွက်နေတဲ့ အချိန်မှာဆိုရင်တော့ အဆိုးဘက်ကို ပိုပြီး ဦးတည်သွားနိုင်ပါတယ်။ ဒါကြောင့် စိတ်ခံစားချက်တွေကို တစ်ခဏ မေ့ဖျောက်ထားနိုင်ဖို့ကလည်း အက္ခရာကျပါတယ်။
အဘက်ဘက်က စဉ်းစားတဲ့အခါ စဉ်းစားပြီးသွားရင်လည်း ကိုယ့်ဆုံးဖြတ်ချက်အပေါ်ကို ပြန်လည်သုံးသပ်ချက်တွေ၊ ငြင်းဆိုချက်တွေ ကိုယ်တိုင်ထုတ်ဖို့လည်း လိုပါတယ်။ ကိုယ့်ဆုံးဖြတ်ချက်တွေ၊ အတွေးအခေါ်တွေက အနီးစပ်ဆုံး အခြေအနေမှန်နဲ့ ကိုက်ညီအောင် ပြန်လည်သုံးသပ်မှုက တကယ်ကို လိုအပ်တဲ့အရာတစ်ခုပါပဲ။ ကိုယ့်ရဲ့ငြင်းချက်တွေထဲမှာ ကိုယ့်ဆုံးဖြတ်နဲ့ ပိုပြီးကိုက်ညီ၊ ဆီလျော်တဲ့ အခြေအနေမျိုးတွေ့ပြီဆိုရင်လည်း ကိုယ့်စဉ်းစားမှုကို ပြန်လည်သုံးသပ်နိုင်ဖို့ လက်နက်တစ်ခုပါပဲ ။
စဉ်းစားတွေးခေါ်တဲ့နေရာ၊ အကြောင်းအရာတစ်ခုကို ဆင်ခြင်သုံးသပ်တဲ့ နေရာမှာတော့ wishful thinking က အခြေအနေမှန်နဲ့ ဝေးကွာစေလို့ အနှောက်အယှက်ပေးတတ်ပေမယ့် အချို့နေရာမျိုးတွေမှာတော့ ကောင်းမွန်တဲ့ သဘောဆောင်တာမျိုးတွေကိုလည်း တွေ့ရပါတယ်။ ဖြည့်တွေးတာမျိုးက ပြဿနာတစ်ခု၊ အကြောင်းအရာ တစ်ခုရဲ့ ဆန့်ကျင်ဘက်ကို ပို့ပေးနိုင်တာကြောင့် အကယ်၍ ကိုယ်ကသာ အဆိုးတွေကို အကောင်းဘက်ကို ဖြည့်တွေးပြီး ဦးတည်ပေးလိုက်ရင် ကိုယ့်အတွက် အကျိုးများလာပါလိမ့်မယ်။
တစ်ခါတစ်လေမှာ လူအများနဲ့ ဆက်ဆံရတဲ့အခါ လူအမျိုးမျိုး၊ စိတ်အထွေထွေဆိုတဲ့အတိုင်းပဲ လူပေါင်းစုံ၊ စိတ်ဓာတ်ပေါင်းစုံ၊ အပြုအမူပေါင်းစုံနဲ့ တွေ့ရတဲ့အခါ wishful thinking လေးကိုသာ လက်နက်အဖြစ် ဆောင်ထားလိုက်ပါ။ လူတစ်ယောက်က ကိုယ့်ကို မခံနိုင်အောင်လာပြောတဲ့အခါ သြော် သူကဒီလိုပဲ ပြောတတ်တာပါ၊ တကယ်စိတ်ရင်းအမှန် ဟုတ်ချင်မှ ဟုတ်မှာပါလို့သာ ဖြည့်တွေးပေးလိုက်ပါ။ အနည်းဆုံးတော့ ကိုယ့်ရဲ့စိတ်ချမ်းသာမှုကို ပေးနိုင်တဲ့အပြင် အချင်းဖြစ်ပွားတာတွေကိုပါ လျော့ချပေးနိုင်တာပေါ့။ အခု အက်ဒ်မင်ကတော့ လက်နက်လေးပေးလိုက်ပြီ။ ဒီတော့ wishful thinking ဆိုတဲ့ လက်နက်လေးကို လိုတိုးပိုလျော့လေး လုပ်ပေးပြီး အခြေအနေတိုင်းနဲ့ ကိုက်ညီအဆင်ပြေအောင် ချိန်ဆရမှာက echoers တို့ရဲ့တာဝန်ပေါ့နော်။

လူငယ္နွင့္ အနာဂတ္

မဂၤလာပါ… ECHO_ers တို႔ေရ…
ဒီတစ္ေခါက္ Admin တို႔ေရြးခ်ယ္ထားတာက လူငယ္နဲ႔ပတ္သတ္တာ ျဖစ္တဲ့အတြက္ မေန႔က comment မွာ ၀င္ေရာက္ေဆြးေႏြးေပးၾကတဲ့ အတိုင္း လူငယ္ေတြရဲ႕ အနာဂတ္အတြက္ အေရးပါမႈကို ေဆြးေႏြးေပးသြားမွာျဖစ္ပါတယ္။
ပထမဦးဆံုးအေနနဲ႔ လူငယ္ေတြဟာ “ယေန႔လူငယ္၊ ေနာင္၀ယ္လူၾကီး” ဆိုတဲ့အတိုင္း အနာဂတ္ရဲ႕ ေခါင္းေဆာင္ေတြျဖစ္တယ္ဆိုျပီး အားလံုးမွတ္ယူထားသလိုပါပဲ။ နိုင္ငံတစ္နိုင္ငံ၊ အသိုက္အ၀န္းတစ္ခုခုမွာ လူငယ္ေတြရဲ႕ ပူးေပါင္းပါ၀င္မႈကို ျမွင့္တင္ေပးျခင္းဟာ ထိုအသိုက္အ၀န္း၊ ထိုနိုင္ငံရဲ႕ အနာဂတ္ကို ပံုေဖာ္ေနျခင္းပဲ ျဖစ္ပါတယ္။ နိုင္ငံတစ္နိုင္ငံရဲ႕ ဖြံ႕ျဖိဳးတိုးတက္မႈကို တိုင္းတာတဲ့အခါ က႑ေပါင္းစံုပါ၀င္တဲ့အတြက္ နယ္ပယ္တစ္ခုမွာသာမက နယ္ပယ္အရပ္ရပ္မွာလူငယ္ေတြရဲ႕ အခန္းက႑ကို သိသိသာသာ ျမွင့္တင္ေပးဖို႔ လိုအပ္ေနပါတယ္။ ေက်းလက္ေဒသ မိမိျမိဳ႕ရြာ၊ တိုးတက္ေရးမွ အစျပဳလို႔ နို္င္ငံ၏ေရးရာ မူ၀ါဒခ်မွတ္ေရးတြင္ပါ လူငယ္ေတြ ပါ၀င္ခြင့္ ရွိေနရပါမယ္။
ရပ္ကြက္ အဖြဲ႔အစည္း၊ ျမိဳ႕နယ္အဖြဲ႔အစည္းေတြမွာ လူငယ္ပါ၀င္မႈေတြ ျမင္ေတြ႕ရေပမယ့္ ဆံုးျဖတ္ခ်က္ခ်မွတ္ျခင္းေတြမွာ လူငယ္ေတြပါ၀င္နိုင္ရဲ႕လား၊ အသံေတြက အေထာက္အပံ့ျဖစ္ရဲ႕လားဆိုတာ စဥ္းစားစရာ လိုတဲ့အပိုင္းျဖစ္ေနပါတယ္။

Paung Sie Facility မွထုတ္ျပန္ထားေသာ စာတမ္းအရ ျမန္မာနိုင္ငံမွာ ၃၅နွစ္ေအာက္ လူငယ္အေရအတြက္ဟာ ၆၀% နီးပါးရွိေနပါတယ္။ သို႔ေသာ္ နိုင္ငံရဲ႕ ဥပေဒျပဳေရးမ႑ိဳင္ျဖစ္တဲ႔ ျပည္ေထာင္စုလႊတ္ေတာ္မွာေတာ့ လူငယ္ပါ၀င္မႈက ၈.၂၃ ရာခိုင္ႏႈန္းသာ ရွိေနပါတယ္။ လက္ရွိ ျမန္မာနိုင္ငံရဲ႕ ျငိမ္းခ်မ္္းေရး လမ္းစဥ္ (NCA မူျဖင့္ ဖြဲ႔စည္းထားေသာ) ျပည္ေထာင္စုျငိမ္းခ်မ္းေရး ေဖာ္ေဆာင္မႈပူးေပါင္းေကာ္မတီ (UPDJC) နဲ႕ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲ ေစာင့္ၾကည့္ေရး ေကာ္မတီ (JICM) တို႔မွာေတာ့ လူငယ္ပါ၀င္မႈ မရွိပါ။

ဒီလိုအေျခအေနေတြဟာ အနာဂတ္အတြက္ ေကာင္းမြန္တဲ့ လကၡဏာတစ္ရပ္ မဟုတ္ပါဘူး။ ေမးစရာက လူငယ္ေတြ ဘာေၾကာင့္ ပါ၀င္ေဆာင္ရြက္ ဆံုးျဖတ္ခြင့္မရတာလဲ။ ေျပာင္းလဲဖို႔အတြက္ အရင္ဆံုး လူငယ္ေတြဘက္မွ စြမ္းရည္ျပည့္၀ေနဖို႔ လိုအပ္ပါတယ္။ တစ္ဦးခ်င္းျဖစ္ေစ၊ အဖြဲ႔အစည္းအလိုက္ ျဖစ္ေစ ပါ၀င္ဆးံုျဖတ္ပိုင္ခြင့္ေတြ ရရွိဖို႔ လိုအပ္တဲ႔ စြမ္းေဆာင္ရည္ေတြ၊ အသိပညာ၊ အတတ္္ပညာေတြ ျဖည့္စည္းထားဖို႔ လိုပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ လူမႈအသိုင္းအ၀ိုင္းရဲ႕ အျမင္ေတြကို ေျပာင္းလဲပစ္နိုင္ဖို႔ လိုအပ္ပါတယ္။ လူငယ္ေတြကို ေနရာေပးနိုင္ဖို႔ အခက္အခဲ အတားအဆီးေတြကို အခြင့္အလမ္း တစ္ခုအေနနဲ႔ ေျပာင္းလဲဆုပ္ကိုင္နိုင္ဖို႕ လိုအပ္ပါတယ္။ ေနာက္ဆံုးတစ္ခ်က္ကေတာ့ လူငယ္ေတြပါ၀င္ဖို႔ လူငယ္ေရးရာ မူ၀ါဒေတြ အေကာင္အထည္ေဖာ္ ေဆာင္ရြက္နိုင္ဖို႔ လိုအပ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ေျပာျပလိုတာက နိုင္ငံေတာ္သမၼတရံုး အမိန္႔ေၾကာ္ျငာစာ အမွတ္ ၆၆ / ၂၀၁၉ အရ ျမန္မာနိုင္ငံ လူငယ္ေရးရာ ေကာ္မတီကို ေမလ ၂၂ရက္က ဖြဲ႔စည္းလိုက္ပါတယ္။ ျပည္ေထာင္စုနယ္ေျမ ေနျပည္ေတာ္ အပါအ၀င္ ျပည္နယ္၊တိုင္း အသီးသီးမွ ေရြးေကာက္ခံ လူငယ္ေရးရာ ေကာ္မတီ အသီးသီးရဲ႕ ကိုယ္စားျပဳ အဖြဲ႔၀င္တစ္ဦးစီ (၁၅ဦး) ႏွင့္ အစိုးရမွခန္႕ထားေသာ လူၾကီးအဖြဲ႕၀င္ ၁၂ဦး၊ လူငယ္ ၁ဦး (၁၃ဦး) တို႕ပါ၀င္ၾကပါတယ္။

ဒီေဆာင္းပါးေလးနဲ႕ ပတ္သတ္ျပီးလည္း သေဘာတူတာ၊ သေဘာထား ကြဲတာေတြလည္း ေဆြးေႏြးလို႔ရပါတယ္။ ေနာက္ထပ္အသစ္သစ္ေသာ Topics ေတြလည္း ယူေဆာင္လာဦးမွာမို႔ ECHO ေလးနဲ႕ ပူးေပါင္းေဆြးေနြးၾကရေအာင္။ 🙂