စာရေးသူများနှင့်လူငယ် •••••••••••••••••••••••••
Zawgyi
Unicode
ကျွန်တော်လည်းလူငယ်တစ်ယောက်ပါ။ အချစ် အလွမ်း feel အဆွေး RO အဲ့သလို ကဗျာတွေ ဝတ္ထုတွေကိုပဲ အသည်းအသန်အားပေးနေကြတဲ့ လူငယ်တွေကြားမှာ ကျွန်တော်ဟာ နိုင်ငံရေးနဲ့သက်ဆိုင်တဲ့ ကဗျာတွေ ဝတ္ထုတွေကိုပဲရေးခဲ့ပါတယ်။ နိုင်ငံရေးထဲမှာ သမဂ္ဂနိုင်ငံရေးကို အရေးများပါတယ်။ အချစ်တွေ အလွမ်းတွေ မရေးတဲ့ကျွန်တော်ဟာ နာမည်ကျွတ်ကြဲ လူကြိုက်နည်းလှပါတယ်။ နိုင်ငံရေးစာပေဆိုလို့ သားသခင်တို့ ပန်ဆယ်လိုတို့လိုမျိုးတွေ ရေးတယ်မထင်ပါနဲ့။ သူတို့လိုမျိုး ကျွန်တော်မရေးတတ်ပါဘူး။ မရေးချင်ပါဘူး။ အဆဲလည်းမခံနိုင်ပါဘူး။
ကျွန်တော့်သူငယ်ချင်းတစ်ယောက်က ကဗျာတွေရေးပါတယ်။ ဂျာနယ်တွေမှာရေးတာတော့မဟုတ်ဘူး။ fb မှာရေးတာ။ သူရေးတာ ၃ ၄ ၅ ကြောင်းပါပဲ။ ဒါပေမယ့် သူနာမည်ကြီးပါတယ်။ သူကအမြဲတမ်းပြောလေ့ရှိတယ်။ မင်းက ပိန်းဥမတူးတတ်ဘူးတဲ့။ ဟုတ်ပါတယ်။ သူ့ကဗျာအောက်က မန့်တွေမှာ ပိန်းဥတွေချည်းပါပဲ။ “ရင်ထဲထိတယ် ၊ အရမ်းကောင်းတယ် ဆရာ ၊ လှလိုက်တာဗျာ မိုက်တယ် ၊ အမယ် ရေးတတ်လိုက်တာ etc..”။ ကျွန်တော်က ခံစားတတ်သူတွေကို မဆိုလိုပါဘူး။ ဘာမှန်း ညာမှန်းမသိသူတွေကို ဆိုလိုတာပါ။ အာ့လိုလူတွေအရမ်းများပါတယ်။ ကဗျာဆိုတာ အတွေးအခေါ် ဒဿန စာကြောင်းတစ်ကြောင်းမဟုတ်ဘူးဆိုတာကို သူတို့မသိပါဘူး။
ကျွန်တော်နဲ့ပေါင်းသင်းနေတဲ့ သူငယ်ချင်းတွေကြားမှာ ကျွန်တော်က တမူထူးခြားနေပါတယ်။ “တိုင်းပြည် ဒီလောက်ဒုက္ခရောက်နေတာ မင်းတို့က အချစ်ရေယာဉ်ကြော နစ်မြောနေတုန်းလား”လို့ ပြောမိတော့ ကျွန်တော့်သူငယ်ချင်းတွေက ဝိုင်းရယ်ကြပါတယ်။ ပြီးတော့ ကျွန်တော့်ကို ချီးမွမ်းကြတယ်။ “မင်းက သောက်ရူးပဲကွ ကြီးကြီးကျယ်ကျယ်တွေ သိပ်မပြောနဲ့ နိုင်ငံရေးနဲ့ငါတို့နဲ့ ဘာမှမဆိုင်ဘူး အားအားယားယား ထောင်ထဲဝင်နေရဦးမယ် ငိုးမ အာဇာနည်ကောင်ကြီး”။
စာပေဟာ လူတွေကိုပြောင်းလဲပေးနိုင်စွမ်းရှိတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ အဲ့ဒါကြောင့် ပြောင်းလဲရေးတွေ ကျွန်တော်ရေးပါတယ်။ နောင်လည်းဆက်ပြီး ရေးနေဦးမှာပါ။ ဒါက ကျွန်တော့်ကလောင်အပေါ် သစ္စာရှိခြင်းပါ။ ကျွန်တော်ပြောချင်တာက ပရိသတ်အကြိုက်လိုက်ရေးပြီး ပေါ်ပင်တွေကြားမှာ နာမည်ကြီးနေတာကို ပျော်မွေ့မနေကြစေချင်ပါဘူး။ နိုင်ငံပြုပြင်ရေးတွေများများရေးကြစေချင်တယ်။ လူငယ်တွေ နိုင်ငံရေးနိုးကြားအောင် များများရေးကြစေချင်ပါတယ်။ ကြာရင် လူငယ်တွေကြားမှာ တော်လှန်လိုစိတ်ပျောက်ကွယ်ပြီး အာဏာရှင်တွေ သက်ဆိုးရှည်ကြပါလိမ့်မယ်။ လူငယ်များအား လမ်းပြခေါ်ဆောင်မှုပေးနိုင်သော ကလောင်များ များများပေါ်ထွန်းလာပါစေ……
ကလောင်တစ်ချောင်း၏ တန်ဖိုး
Zawgyi
Unicode
ကလောင်တစ်ချောင်းရဲ့တန်ဖိုးကို ခင်ဗျားတို့တွေ ဘယ်လိုတန်ဖိုးဖြတ်၊ ဘယ်လိုသတ်မှတ်ကြပါသလဲ??? အရေးအသားကောင်းတာလား? စကားလုံးတွေပြောင်မြောက်တာလား? ရည်ရွယ်ချက်ကောင်းတာကိုလား?
ကျွန်တော်က ကဗျာပိုင်းရော ၊ ဝတ္ထုပိုင်းမှာပါ ရေးနေလေတော့ နယ်ပယ် ၂ ခုလုံးက ကလောင်တော်တော်များများနဲ့ ရင်းနှီးပါတယ်။ အထူးသဖြင့် ကဗျာနယ်ပယ်က တက်သစ်စ ကလောင်တွေနဲ့ပိုပြီးရင်းနှီးပါတယ်။ ကျွန်တော်နဲ့လူချင်းရင်းနှီးတာတော့မဟုတ်ပါဘူး။ သူတို့ကဗျာတွေနဲ့ပါ။
တချို့တက်သစ်စတွေရဲ့ကဗျာတွေဟာ အလွန်ကောင်းလှပါတယ်။ တချို့ဆို မြန်မာကဗျာကိုပိုင်နိုင်စွာ ရေးသားနိုင်ကြပါတယ်။
ဒီမှာပြောစရာရှိနေတာက အလွန်ကောင်းတဲ့ကဗျာတွေဟာ အလွန်ကောင်းဖို့ကိုပဲ ရည်မှန်းချက်ထားနေတာကို တွေ့မြင်နေရတာပါ။ ဆိုပါတော့…ပရိသတ်အကြိုက်ပေါ့လေ။ ပရိသတ်က “အရမ်းကောင်းတယ်၊ အရမ်းမိုက်တယ်” ဆိုရင် သူတို့ပျော်ကြ ၊ ပီတိဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့မတွေးမိတာက သူတို့ကဗျာဟာ ပြည်သူလူထုကို ဘယ်လောက်လမ်းပြပေးနိုင်လဲဆိုတာကိုပါပဲ။ သူတို့မတွေးမိကြပါဘူး။ တချို့ကပြောကြတယ်။ ကဗျာဖန်တီးတာ အနုပညာအလုပ်၊ အနုပညာကို အနုပညာလိုပဲခံစားပေါ့တဲ့။ မှန်ပါတယ်။ ကျွန်တော်မငြင်းပါဘူး။ ဒါပေမယ့် အနုပညာခံစားခွင့်နဲ့ ပြည်သူလူထုလမ်းပြမှုကို တွဲစပ်လိုက်ရင် ပိုမကောင်းဘူးလား။
ဆရာတင်မိုးက ပြောခဲ့ဖူးပါတယ်။ ပြည်သူလူထုဒုက္ခရောက်နေချိန်မှာ ပြည်သူဘက်ကမရပ်တည်တဲ့ကလောင်ဟာ သစ္စာဖောက်ပါပဲတဲ့။ အခုအချိန်ဟာ ဘယ်သူမှအနုပညာကို အပြည့်အဝဇိမ်နဲ့ မခံစားနေနိုင်ပါဘူး။ စားရေး ဝတ်ရေး စီးပွားရေးတွေနဲ့ လုံးလည်လိုက်နေကြတာပါ။ စာပေလောကသားတွေ ပိုသိပါတယ်။ ဝတ္ထု ၊ ကဗျာကို ဇိမ်နဲ့ထိုင်ဖတ်နေတဲ့သူများလား? ဖုန်းပွတ်နေတဲ့သူများလား? ဆိုတာကို။
ကျွန်တော်ယူဆတဲ့ ကလောင်တစ်ချောင်းရဲ့ တန်ဖိုးဆိုတာဟာ ပြည်သူနဲ့အတူရှိနေခြင်းပါပဲ။ ပြည်သူ့သရုပ်မှန်ကိုဖော်ပြခြင်းပါပဲ။ ပြည်သူကိုလွတ်မြောက်ရာ လမ်းပြခြင်းပါပဲ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်သူကိုလမ်းပြသွားခဲ့ပါတယ်။ သူ့ကလောင်ရဲ့တန်ဖိုးဟာ ခုထိကျမသွားပါဘူး။
အရေးအသားကောင်းနေတဲ့ ကလောင်တွေအနေနဲ့ အရေးအသားကောင်းဖို့ကိုပဲ အာရုံစိုက်မနေဘဲ ပြည်သူနဲ့အတူရပ်တည်ပြီး ပြည်သူကိုလမ်းပြပေးနိုင်မယ်၊ message ကောင်းကောင်းတွေပေးနိုင်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ ကလောင်တန်ဖိုးတက်လာလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ခင်ဗျားတို့ရော ကလောင်တစ်ချောင်းရဲ့တန်ဖိုးကို ဘယ်လိုထင်လဲဗျ??????
သတိုးညို
စာဖတ်​ခြင်းဖြင့်​ ကယ်​တင်​နိုင်​ကြပါ​စေ။
အခု ကျွန်​​တော့်​အသက်​ ၂၀ ပြည့်​ပါ​တော့မယ်​။ ဆယ်​တန်းမ​အောင်​​သေးပါဘူး။ စာ​ပေ​လောကမှာ ဘယ်​သူမှမသိကြ​ပေမယ့်​ စာ​တွေ​ရေး​နေတဲ့သူတစ်​​ယောက်​ပါ။ ကျွန်​​တော်​က ဂျာနယ်​မှာ​ရေးတဲ့သူတစ်​​ယောက်​ပါ။ နာမည်​ကြီးဂျာနယ်​မဟုတ်​​ပေမယ့်​ ​ကျွန်​​တော်​တို့​ကျောင်းသားသမဂ္ဂအသိုင်းအဝိုင်းက ​ကျောင်းသား​တွေစု​ထောင်​တဲ့ ဂျာနယ်​တစ်​​စောင်​မှာ ​ရေးသား​နေရလို့ ဂုဏ်​ယူမဆုံးပါဘူး။
အခုလို ​ရေးသားနိုင်ေ​အာင်​ ဘယ်​အရာ​ကလမ်းပြခဲ့ပါသလဲ??? စာဖတ်​ခြင်းက လမ်းပြခဲ့တာပါ။ စာဖတ်​ခြင်းဟာ ​ပြော​တော့သာလွယ်​တာပါ။ အဲ့ဒါကို အားမ​ပေးတဲ့ ပတ်​ဝန်းကျင်​နဲ့​တွေ့ရင်​ လုံးဝ​ပျောက်​ကွယ်​မှာပါ။ ကျွန်​​တော်​က​တော့ ပတ်​ဝန်းကျင်​အား​ကောင်းခဲ့​တော့ စာဖတ်​ခြင်းကို ​ကောင်း​ကောင်းကြီးစားသုံးခဲ့နိုင်​ပါတယ်​။ အဓိကက​တော့ ကျွန်​​တော့်​အ​ဖေပါ။ သူက စာအုပ်​​တွေဝယ်​တယ်​။ စာအုပ်​​တွေဖတ်​တယ်​။ ပြီးရင်​ ကျွန်း​သေတ္တာကြီးထဲထည့်​ပြီးစုထား​လေ့ရှိတယ်​။
စစချင်း ​ကျွန်း​သေတ္တာကြီးကိုဖွင့်​လိုက်​​တော့ ဟိုး​ရှေး​ခေတ်​က ရဲမက်​​တွေ စစ်​သည်​​တွေ ဓားခုတ်​လှံထိုး​နေကြတဲ့ပုံ​ ၊ ဆင်​ကြီး​တွေ​ရော ၊ မြင်း​တွေလည်းပါတယ်​။
ကျွန်​​တော်​အရမ်းသ​ဘောကျသွားတယ်​။ မျက်​နှာဖုံးက ကျွန်​​တော့်​ကိုအရမ်းဆွဲ​ဆောင်​တယ်​။ အဲ့ဒီ့​တော့ အဲ့ဒီ့စာအုပ်​ကိုယူ ၊ အိမ်​​ရှေ့က ကုလားထိုင်​မှာ ကျကျနနထိုင်​ပြီး စာအုပ်​နာမည်​ကို ​သေချာဖတ်​ကြည့်​တယ်​။ “ရာဇာဓိရာဇ်​အ​ရေး​တော်​ပုံကျမ်း”တဲ့။ တခြားက​လေး​တွေ ​ရွှေ​သွေးတို့၊ မိုး​သောက်​ပန်းတို့ဖတ်​​နေချိန်​မှာ ကျွန်​​တော်​က ရာဇာဓိရာဇ်​အ​ရေး​တော်​ပုံကျမ်းကို ဘာမှနားမလည်​ဘဲဖတ်​​နေတာပါ။
သူ့သေတ္တာကြီးထဲမှာ စာကြီးပေကြီးတွေပဲကြီးစိုးပါတယ်။ ကျွန်တော်တို့ငယ်စဉ်က အိမ်ပြင်ထွက်ဆော့ရင်ဆော့ ၊ မဆော့ရင် အိမ်ထဲမှာစာဖတ်။ ဒီ ၂ ခုပဲလုပ်စရာရှိပါတယ်။ အိမ်မှာ TV မရှိဘူး။ ရေဒီယိုကတော့ အဖေဖွက်ထားတယ်။ ရေဒီယိုလက်ထဲတွေ့ရင် နိုင်ငံရေးသမားဆိုပြီး ဂျေးထဲပို့တဲ့ခေတ်ကိုးဗျ။ ကျွန်တော်က ငယ်ငယ်လေးထဲက ဆော့တာဝါသနာမပါသလောက်ပါ။ အခုအရွယ်အထိ ဘောမကန်တတ်ပါဘူး။ ဂျင်ကိုလည်အောင် မပေါက်တတ်ပါဘူး။ အဲ့ဒီတော့ ကျွန်တော်ဘာလုပ်လဲ။ အိမ်ထဲမှာပဲအောင်းပြီး အဖေ့ကျွန်းသေတ္တာကြီးကိုဖွင့် ၊ မျက်နှာဖုံးလှလှလေးတွေပါတဲ့ စာအုပ်တွေကိုဖတ်ပါတယ်။
အဲ့ဒီ့မှာ မဂဒူးတို့ ၊ သူ့နှမ နှင်းဥရိုင်​တို့၊ အလိမ္မာမင်းတို့ကစလိုက်​တာ ဗညားနွဲ့ ဒဂုံကို​ပြေးပြီး ဟံသာဝတီကိုနန်းသိမ်းတာ​တွေ ၊ မင်းကန်​စီရဲ့​ဗေဒင်​ အိပ်​မက်​နိမိတ်​​ကောက်​ပုံ​တွေ ၊ အမတ်​ဒိန်​ရဲ့ပညာဥာဏ်​ကြီးပုံ​တွေ ၊ လဂွန်းအိန်​ရဲ့ ရဲစွမ်းသတ္တိ​တွေ ၊ ရာဇာဓိရာဇ်​ရဲ့ မိဖုရားကို​​ပေးပြီး သူရဲ​ကောင်းကိုချစ်​ပုံ​တွေ ၊ ​နောက်​ဆုံး ရာဇာဓိရာဇ်​နတ်​ရွာစံတဲ့အထိဟာ ကျွန်​​တော့်​ကို အင်​မတန်​ဆွဲ​ဆောင်​ပါတယ်​။ ​ကျောင်းကပြန်​လာတိုင်း အဲ့ဒီ့စာအုပ်​ပဲ​ပြေး​ပြေးကိုင်​လို့ အ​ဖေက​ကျောင်းစာထိခိုက်​မယ်​ဆိုပြီး အချိန်​ဇယားဆွဲ​ပေးခဲ့ပါတယ်​။ ရာဇာဓိရာဇ်ကိုအ​ချိန်​ဇယားနဲ့ စာဖတ်​ခဲ့ရပါတယ်​။ အဲ့ဒီ့အချိန်​ဇယားဟာ ဒီ​နေ့ထိကျွန်​​တော့်​ကို စာဖတ်​ဖြစ်​​အောင်​ ညွှန်​ကြား​နေဆဲပါ။
အဲ့ဒီ့ကစလိုက်​တဲ့ စာဖတ်​ဇာတ်​လမ်းဟာ အ​ရှေ့က​နေဝန်းထွက်​သည့်​ပမာတို့လို ၊ သပိတ်​​မှောက်​​ကျောင်းသားတို့လို ၊ ငဘတို့လို စာအုပ်​​တွေနဲ့​တွေ့တဲ့အခါ နိုင်​ငံ​ရေးမီး​တောက်​​တွေ စတင်​​တောက်​​လောင်​​တော့တာပါပဲ။ အဲ့ဒီ့​နောက်​ပိုင်း​တော့ ကွန်​မြူနစ်​ပါတီ​ကြေငြာစာတမ်းတို့ ၊ သခင်​သန်းထွန်း၏ ​နောက်​ဆုံး​နေ့ရက်​များတို့ ၊ ဓနရှင်​​လောကတို့ ၊ ဗမာပြည်​ကွန်​မြူနစ်​ပါတီ၏ ​နေထွက်​ချိန်​နှင့်​ ​နေဝင်​ချိန်​တို့လိုစာအုပ်​​တွေဟာ ကျွန်​​တော့်​ကို ​တော်​လှန်​​ရေးအမြင်​​တွေအများကြီး​ပေးခဲ့ပါတယ်​။ အဲ့ဒီ့လိုနဲ့ပဲ ကျွန်​​တော်​ဟာ ​တော်​လှန်​​ရေးအတွက်​ က​လောင်​ကိုင်​တဲ့သူဖြစ်​လာပါ​တော့တယ်​။
ဆို​တော့ အားလုံးကိုခြုံငုံပြီး​ပြောရရင်​ စာဖတ်​ကြပါ။ စာဖတ်​ခြင်းကပဲ ဘဝကို​ပြောင်း​စေတာပါ။ ဘယ်​လို​ပြောင်းသလဲ??? စာဖတ်​လိုက်​တာနဲ့ ကိုယ့်​ရဲ့အ​တွေးအ​ခေါ်​တွေမှား​နေသလား ၊ ကိုယ်​လုပ်​တာ​တွေကပဲ မှန်​​နေသလား ၊ လူ့ကျင့်​ဝတ်​နဲ့ကိုက်​ညီ​အောင်​​နေသလား ၊ လူ​တွေနဲ့​ပေါင်းသင်းတာ ဘယ်​နားလို​နေသလဲ ၊ စကား​ပြောတာရိုင်း​နေသလား ၊ ငါတို့တိုင်းပြည်​ဘာဖြစ်​​နေလဲ ၊ ဒီမိုက​ရေစီက ဘာလဲ ၊ လူ့အခွင့်​အ​ရေးဆိုတာ ဘယ်​လိုဟာကြီးလဲ ၊ စသည်​ဖြင့်​ စသည်​ဖြင့်​ ကျွန်​​တော်​တို့ ဆန်းစစ်​​ဝေဖန်​နိုင်​ပါလိမ့်​မယ်​။ အဲ့ဒီ့​လိုဆန်းစစ်​နိုင်​မှ ကျွန်​​တော်​တို့ဟာ ပို​ကောင်းတဲ့ ဘဝကို အလွယ်​တကူ ကူး​ပြောင်းနိုင်​မှာပါ။
ဘာမှမဖတ်​ရင်​ ဘာမှမသိပါဘူး။ ဘာမှမသိရင်​ ဘာမှဖြစ်​လာမှာမဟုတ်​ပါဘူး။ အဲ့ဒီလို ဘာမှဖြစ်​မလာတဲ့ နိုင်​ငံသား​တွေစု​နေတဲ့ နိုင်​ငံ​တော်​ဟာလည်း ဘာမှဖြစ်​လာ​တော့မှာမဟုတ်​ပါဘူး။ အဲ့ဒီ့​တော့ စာဖတ်​ကြပါ။ အထူးသဖြင့်​ ကျွန်​​တော်​တို့လို လူငယ်​​တွေစာဖတ်​ကြပါ။ ကိုယ့်​တိုင်းပြည်​ ဘာဖြစ်​​နေသလဲ။ ဘယ်​လိုလုပ်​ရင်​ တိုးတက်​မလဲ။ ဘယ်​သူ​တွေ ဘာ​တွေလုပ်​​နေကြလဲ။ တိုင်းပြည်​ဆင်းရဲသွားတာ ဘာ​ကြောင့်​လဲ။ အဲ့ဒီ့လိုမျိုး​မေးခွန်း​တွေကို စာဖတ်​ရင်းအ​ဖြေရှာပြီး ပိုမို​ကောင်းမွန်​တိုးတက်​တဲ့ နိုင်​ငံ​တော်​ကြီးဖြစ်​​အောင်​ ပြုပြင်​​လုပ်​​ဆောင်​နိုင်​ကြပါ​စေ။ စာဖတ်​ခြင်းဖြင့်​ ​ကျွန်​​တော်​တို့တိုင်းပြည်​ကို ကယ်​တင်​နိုင်​ကြပါ​စေ။ အဲ့ဒီ့​တော့ စာဖတ်​ကြပါ…..။
သတိုးညို