Zawgyi
ကေလာင္တစ္ေခ်ာင္းရဲ႕တန္ဖိုးကို ခင္ဗ်ားတို႔ေတြ ဘယ္လိုတန္ဖိုးျဖတ္၊ ဘယ္လိုသတ္မွတ္ၾကပါသလဲ??? အေရးအသားေကာင္းတာလား? စကားလံုးေတြေျပာင္ေျမာက္တာလား? ရည္ရြယ္ခ်က္ေကာင္းတာကိုလား?
ကြၽန္ေတာ္က ကဗ်ာပိုင္းေရာ ၊ ဝတၳဳပိုင္းမွာပါ ေရးေနေလေတာ့ နယ္ပယ္ ၂ ခုလံုးက ကေလာင္ေတာ္ေတာ္မ်ားမ်ားနဲ႔ ရင္းႏွီးပါတယ္။ အထူးသျဖင့္ ကဗ်ာနယ္ပယ္က တက္သစ္စ ကေလာင္ေတြနဲ႔ပိုၿပီးရင္းႏွီးပါတယ္။ ကြၽန္ေတာ္နဲ႔လူခ်င္းရင္းႏွီးတာေတာ့မဟုတ္ပါဘူး။ သူတို႔ကဗ်ာေတြနဲ႔ပါ။
တခ်ိဳ႔တက္သစ္စေတြရဲ႕ကဗ်ာေတြဟာ အလြန္ေကာင္းလွပါတယ္။ တခ်ိဳ႕ဆို ျမန္မာကဗ်ာကိုပိုင္ႏိုင္စြာ ေရးသားႏိုင္ၾကပါတယ္။
ဒီမွာေျပာစရာ႐ွိေနတာက အလြန္ေကာင္းတဲ့ကဗ်ာေတြဟာ အလြန္ေကာင္းဖို႔ကိုပဲ ရည္မွန္းခ်က္ထားေနတာကို ေတြ႔ျမင္ေနရတာပါ။ ဆိုပါေတာ့…ပရိသတ္အႀကိဳက္ေပါ့ေလ။ ပရိသတ္က “အရမ္းေကာင္းတယ္၊ အရမ္းမိုက္တယ္” ဆိုရင္ သူတို႔ေပ်ာ္ၾက ၊ ပီတိျဖစ္ၾကပါတယ္။ ဒါေပမယ့္ သူတို႔မေတြးမိတာက သူတို႔ကဗ်ာဟာ ျပည္သူလူထုကို ဘယ္ေလာက္လမ္းျပေပးႏိုင္လဲဆိုတာကိုပါပဲ။ သူတို႔မေတြးမိၾကပါဘူး။ တခ်ိဳ႕ကေျပာၾကတယ္။ ကဗ်ာဖန္တီးတာ အႏုပညာအလုပ္၊ အႏုပညာကို အႏုပညာလိုပဲခံစားေပါ့တဲ့။ မွန္ပါတယ္။ ကြၽန္ေတာ္မျငင္းပါဘူး။ ဒါေပမယ့္ အႏုပညာခံစားခြင့္နဲ့ ျပည္သူလူထုလမ္းျပမႈကို တြဲစပ္လိုက္ရင္ ပိုမေကာင္းဘူးလား။
ဆရာတင္မိုးက ေျပာခဲ့ဖူးပါတယ္။ ျပည္သူလူထုဒုကၡေရာက္ေနခ်ိန္မွာ ျပည္သူဘက္ကမရပ္တည္တဲ့ကေလာင္ဟာ သစၥာေဖာက္ပါပဲတဲ့။ အခုအခ်ိန္ဟာ ဘယ္သူမွအႏုပညာကို အျပည့္အဝဇိမ္နဲ႔ မခံစားေနႏိုင္ပါဘူး။ စားေရး ဝတ္ေရး စီးပြားေရးေတြနဲ႔ လံုးလည္လိုက္ေနၾကတာပါ။ စာေပေလာကသားေတြ ပိုသိပါတယ္။ ဝတၳဳ ၊ ကဗ်ာကို ဇိမ္နဲ႔ထိုင္ဖတ္ေနတဲ့သူမ်ားလား? ဖုန္းပြတ္ေနတဲ့သူမ်ားလား? ဆိုတာကို။
ကြၽန္ေတာ္ယူဆတဲ့ ကေလာင္တစ္ေခ်ာင္းရဲ႕ တန္ဖိုးဆိုတာဟာ ျပည္သူနဲ႔အတူ႐ွိေနျခင္းပါပဲ။ ျပည္သူ႔သ႐ုပ္မွန္ကိုေဖာ္ျပျခင္းပါပဲ။ ျပည္သူကိုလြတ္ေျမာက္ရာ လမ္းျပျခင္းပါပဲ။ ဆရာႀကီးသခင္ကိုယ္ေတာ္မႈိင္းဟာ ျပည္သူကိုလမ္းျပသြားခဲ့ပါတယ္။ သူ႔ကေလာင္ရဲ႕တန္ဖိုးဟာ ခုထိက်မသြားပါဘူး။
အေရးအသားေကာင္းေနတဲ့ ကေလာင္ေတြအေနနဲ႔ အေရးအသားေကာင္းဖို႔ကိုပဲ အာရံုစိုက္မေနဘဲ ျပည္သူနဲ႔အတူရပ္တည္ၿပီး ျပည္သူကိုလမ္းျပေပးႏိုင္မယ္၊ message ေကာင္းေကာင္းေတြေပးႏိုင္မယ္ဆိုရင္ ခင္ဗ်ားတို႔ရဲ႕ ကေလာင္တန္ဖိုးတက္လာလိမ့္မယ္လို႔ ကြၽန္ေတာ္ယူဆပါတယ္။ ခင္ဗ်ားတို႔ေရာ ကေလာင္တစ္ေခ်ာင္းရဲ့တန္ဖိုးကို ဘယ္လိုထင္လဲဗ်??????
Unicode
ကလောင်တစ်ချောင်းရဲ့တန်ဖိုးကို ခင်ဗျားတို့တွေ ဘယ်လိုတန်ဖိုးဖြတ်၊ ဘယ်လိုသတ်မှတ်ကြပါသလဲ??? အရေးအသားကောင်းတာလား? စကားလုံးတွေပြောင်မြောက်တာလား? ရည်ရွယ်ချက်ကောင်းတာကိုလား?
ကျွန်တော်က ကဗျာပိုင်းရော ၊ ဝတ္ထုပိုင်းမှာပါ ရေးနေလေတော့ နယ်ပယ် ၂ ခုလုံးက ကလောင်တော်တော်များများနဲ့ ရင်းနှီးပါတယ်။ အထူးသဖြင့် ကဗျာနယ်ပယ်က တက်သစ်စ ကလောင်တွေနဲ့ပိုပြီးရင်းနှီးပါတယ်။ ကျွန်တော်နဲ့လူချင်းရင်းနှီးတာတော့မဟုတ်ပါဘူး။ သူတို့ကဗျာတွေနဲ့ပါ။
တချို့တက်သစ်စတွေရဲ့ကဗျာတွေဟာ အလွန်ကောင်းလှပါတယ်။ တချို့ဆို မြန်မာကဗျာကိုပိုင်နိုင်စွာ ရေးသားနိုင်ကြပါတယ်။
ဒီမှာပြောစရာရှိနေတာက အလွန်ကောင်းတဲ့ကဗျာတွေဟာ အလွန်ကောင်းဖို့ကိုပဲ ရည်မှန်းချက်ထားနေတာကို တွေ့မြင်နေရတာပါ။ ဆိုပါတော့…ပရိသတ်အကြိုက်ပေါ့လေ။ ပရိသတ်က “အရမ်းကောင်းတယ်၊ အရမ်းမိုက်တယ်” ဆိုရင် သူတို့ပျော်ကြ ၊ ပီတိဖြစ်ကြပါတယ်။ ဒါပေမယ့် သူတို့မတွေးမိတာက သူတို့ကဗျာဟာ ပြည်သူလူထုကို ဘယ်လောက်လမ်းပြပေးနိုင်လဲဆိုတာကိုပါပဲ။ သူတို့မတွေးမိကြပါဘူး။ တချို့ကပြောကြတယ်။ ကဗျာဖန်တီးတာ အနုပညာအလုပ်၊ အနုပညာကို အနုပညာလိုပဲခံစားပေါ့တဲ့။ မှန်ပါတယ်။ ကျွန်တော်မငြင်းပါဘူး။ ဒါပေမယ့် အနုပညာခံစားခွင့်နဲ့ ပြည်သူလူထုလမ်းပြမှုကို တွဲစပ်လိုက်ရင် ပိုမကောင်းဘူးလား။
ဆရာတင်မိုးက ပြောခဲ့ဖူးပါတယ်။ ပြည်သူလူထုဒုက္ခရောက်နေချိန်မှာ ပြည်သူဘက်ကမရပ်တည်တဲ့ကလောင်ဟာ သစ္စာဖောက်ပါပဲတဲ့။ အခုအချိန်ဟာ ဘယ်သူမှအနုပညာကို အပြည့်အဝဇိမ်နဲ့ မခံစားနေနိုင်ပါဘူး။ စားရေး ဝတ်ရေး စီးပွားရေးတွေနဲ့ လုံးလည်လိုက်နေကြတာပါ။ စာပေလောကသားတွေ ပိုသိပါတယ်။ ဝတ္ထု ၊ ကဗျာကို ဇိမ်နဲ့ထိုင်ဖတ်နေတဲ့သူများလား? ဖုန်းပွတ်နေတဲ့သူများလား? ဆိုတာကို။
ကျွန်တော်ယူဆတဲ့ ကလောင်တစ်ချောင်းရဲ့ တန်ဖိုးဆိုတာဟာ ပြည်သူနဲ့အတူရှိနေခြင်းပါပဲ။ ပြည်သူ့သရုပ်မှန်ကိုဖော်ပြခြင်းပါပဲ။ ပြည်သူကိုလွတ်မြောက်ရာ လမ်းပြခြင်းပါပဲ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းဟာ ပြည်သူကိုလမ်းပြသွားခဲ့ပါတယ်။ သူ့ကလောင်ရဲ့တန်ဖိုးဟာ ခုထိကျမသွားပါဘူး။
အရေးအသားကောင်းနေတဲ့ ကလောင်တွေအနေနဲ့ အရေးအသားကောင်းဖို့ကိုပဲ အာရုံစိုက်မနေဘဲ ပြည်သူနဲ့အတူရပ်တည်ပြီး ပြည်သူကိုလမ်းပြပေးနိုင်မယ်၊ message ကောင်းကောင်းတွေပေးနိုင်မယ်ဆိုရင် ခင်ဗျားတို့ရဲ့ ကလောင်တန်ဖိုးတက်လာလိမ့်မယ်လို့ ကျွန်တော်ယူဆပါတယ်။ ခင်ဗျားတို့ရော ကလောင်တစ်ချောင်းရဲ့တန်ဖိုးကို ဘယ်လိုထင်လဲဗျ??????
သတိုးညို
